International News: ဂျာမနီမှာ ဈေးဝယ်စင်တာကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်သူနှစ်ဦးကို ဖမ်းဆီး

နယ်သာလန်နဲ့ နယ်စပ်အနီးရှိ အိုဘာဟူဆင်မြို့ရှိ စင်ထရိုဈေးဝယ်စင်တာကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ထားခဲ့ပါတယ်။

play
အကြမ်းဖက်တိုက်ခိုက်ရန် ပစ်မှတ်ထားခံရသည့် ဈေးဝယ်စင်တာရှိရာ အိုဘာဟူဆင်မြို့ ညမြင်ကွင်း


ဂျာမနီနိုင်ငံမှာ ဈေးဝယ်စင်တာတစ်ခုကို ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေကြောင်း သံသယရှိသူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ကိုဆိုဗိုမှာ မွေးဖွားခဲ့တဲ့ အသက် ၃၁ နှစ်နဲ့ ၂၈ နှစ်အရွယ် ညီအစ်ကိုနှစ်ဦးကို ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) မနက်အစောပိုင်းက ဒူစ်ဘတ်မြို့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးဟာ နယ်သာလန်နဲ့ နယ်စပ်အနီးရှိ အိုဘာဟူဆင်မြို့ရှိ စင်ထရိုဈေးဝယ်စင်တာကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ထားခဲ့ကြောင်း ဂျာမန်ရဲတပ်ဖွဲ့က ပြောပါတယ်။

play
အကြမ်းဖက်တိုက်ခိုက်ရန် ပစ်မှတ်ထားခဲ့သည့် စင်ထရိုဈေးဝယ်စင်တာ အတွင်းပိုင်းမြင်ကွင်း


ဂျာမနီမှာ ဒီဇင်ဘာ ၁၉ ရက်က ဘာလင်မြို့ ခရစ္စမတ်ဈေးတန်းကို ထရပ်ကားဖြင့် အကြမ်းဖက်ဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးမြှင့်တင်ထားပါတယ်။ ဘာလင် ခရစ္စမတ်ဈေးမှာ ထရပ်ကားဖြင့် အကြမ်းဖက်ဝင်တိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၄၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ထရပ်ကားဖြင့် ဝင်တိုက်ခဲ့သူဟာ အေနစ်အမ်မရီ အမည်ရှိ တူနီးရှားအမျိုးသားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိထားပြီး လက်ရှိမှာ ထွက်ပြေးလွတ်မြောက်နေပါတယ်။

play
ဘာလင် ခရစ္စမတ်ဈေးမှာ ထရပ်ကားဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့မှု


၎င်းဟာ ထရပ်ကားဖြင့် အကြမ်းဖက်ဝင်တိုက်မှု ဖြစ်စဉ်အတွင်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဂျာမန်ရဲတပ်ဖွဲ့က အေနစ်ကို အလိုရှိကြောင်း ဆုကြေးငွေထုတ်ပြန်ထားပြီး ရှာဖွေလျက်ရှိပါတယ်။ ထရပ်ကားမှာ စစ်ဆေးတွေ့ရှိရတဲ့ လက်ဗွေရာများအရ အေနစ်ဟာ ထရပ်ကားကို မောင်းနှင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေက အတည်ပြုထားပြီး ဖြစ်ပါတယ်။

play
အေနစ်အမ်မရီ၏ တူနီးရှားနိုင်ငံရှိ မိသားစုဝင်များ


အေနစ်ဟာ ယမန်နှစ်အတွင်း ဂျာမနီကို ရောက်ရှိလာခဲ့ပြီး ၎င်းရဲ့ ဒုက္ခသည်အဖြစ် ခိုလှုံနေထိုခွင့် လျှောက်ထားမှုကို ယခုနှစ် ဇွန်လက အာဏာပိုင်တွေက ပယ်ချခဲ့ပါတယ်။ တူနီးရှားရှိ အေနစ်ရဲ့ မိသားစုဝင်တွေက ၎င်းကို အဖမ်းခံရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။ အေနစ်ဟာ ဂျာမန်ထောက်လှမ်းရေးတွေရဲ့ စောင့်ကြည့်စာရင်းမှာ ထည့်သွင်းခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။

play


နောက်ဆုံးရသတင်း - ဘာလင် ခရစ္စမတ်ဈေးမှာ ထရပ်ကားဖြင့် အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ အေနစ်ဟာ အီတလီနိုင်ငံ မီလန်မြို့မှာ ရဲတပ်ဖွဲ့က ပစ်ခတ်မှုအတွင်း သေဆုံးသွားပြီလို့ သိရပါတယ်။
Source  & Photo: The Guardian, Daily Mai

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ