International News: ပြစ်မှုမကျူးလွန်ဘဲ ထောင်ထဲမှာ ၃၁ နှစ်ကြာ အကျဉ်းကျခံခဲ့ရသူ

နစ်နာမှုကြီးမားခဲ့ပေမဲ့ ပြန်ရတဲ့ငွေကြေးက နည်းပါးလွန်းပါတယ်။

play

 

အမေရိကန်နိုင်ငံ တန်နက်စီးပြည်နယ်သား လောရင့်စ် မက်ကင်နေ အဓမ္မမှုတစ်ခုနဲ့ စွပ်စွဲခံရပြီး မှားယွင်းအကျဉ်းချခံခဲ့ရာက ထောင်ထဲမှာ ၃၁ နှစ် ကြာသွားခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုမှာ လောရင့်စ်ကို တရားခံအဖြစ် ရုံးတော်ကသတ်မှတ်ခဲ့လို့ နောက်နှစ်မှာပဲ ထောင်ကျသွားခဲ့ရပါတယ်။ ထိုစဉ်က သူ့အသက် ၂၂ နှစ်ကျော်သာရှိပါသေးတယ်။ လောရင့်စ်ရဲ့အိမ်နီးချင်းအမျိုးသမီးကို အမျိုးသားနှစ်ဦးက ဝင်ရောက်မုဒိမ်းကျင့်သွားတဲ့အပေါ် အမျိုးသမီးက လောရင့်စ်ကိုစွပ်စွဲခဲ့တာပါ။ သူ့ကို တရားရုံးက မုဒိမ်းမှု၊ ဖောက်ထွင်းဝင်ရောက်မှုနဲ့ ထောင်ဒဏ် ၁၁၅ နှစ် ချမှတ်လိုက်ပါတယ်။

play
ရှေ့နေနဲ့အတူတွေ့ရတဲ့ လောရင့်စ် (ညာ)

 

၂၀၀၈ ခုနှစ်မှာတော့ မျိုးရိုးဗီဇ စစ်ဆေးမှုပြုလုပ်ချက်အရ လောရင့်စ်မှာ အပြစ်မရှိကြောင်း ပေါ်ပေါက်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ထောင်ကလွတ်ခဲ့ပါတယ်။ မှားယွင်းအကျဉ်းချခံရစဉ်အတွင်း လောရင့်စ်ရဲ့ဝင်ငွေ ဒေါ်လာ ၁ သန်းလောက် ဆုံးရှုံးခဲ့ပေမဲ့ အစိုးရကပြန်ပေးတဲ့ ငွေကြေးကတော့ ၇၅ ဒေါ်လာသာ ရှိခဲ့ပါတယ်။ သူ့ရဲ့နစ်နာကြေးအတွက် ရုံးတော်မှာ အကြိမ်ကြိမ်ပြန်လည်လျှောက်ထားခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Source : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ