International News: လစ်ဗျားလေယာဉ်အပိုင်စီးခဲ့သူများ မော်လ်တာမှာ အဖမ်းခံခဲ့

လေယာဉ်အပိုင်စီးသူဟာ မော်လ်တာနိုင်ငံမှာ အညံခံခဲ့ပြီးနောက် လေယာဉ်အပိုင်းစီးမှုကို အေးချမ်းစွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။

play


လစ်ဗျားလေယာဉ်တစ်စီး အပိုင်းစီးခံခဲ့ရမှုဟာ ဆွေးနွေးညှိနှိုင်းခဲ့ပြီး အပိုင်စီးသူတွေကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကာ အဆင်ပြေအေးချမ်းစွာ အဆုံးသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ လေယာဉ်အပိုင်စီးသူဟာ မော်လ်တာနိုင်ငံမှာ အညံခံခဲ့ပြီးနောက် လေယာဉ်အပိုင်းစီးမှုကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လစ်ဗျားလေယာဉ်အပိုင်စီးမှု အေးချမ်းစွာ အဆုံးသတ်


ဒီဇင်ဘာ ၂၃ ရက်က လူ ၁၁ ၈ ဦး လိုက်ပါခဲ့ပြီး ပြည်တွင်းလေကြောင်းခရီးစဉ်အဖြစ် ဆက်ဘ်ဟာမြို့မှ လစ်ဗျားမြို့တော် ထရီပိုလီကို ပျံသန်းတဲ့ ခရီးသည်တင်လေယာဉ် အပိုင်စီးခံခဲ့ရပါတယ်။ လစ်ဗျားလေကြောင်းလိုင်း Afriqiyah Airways ရဲ့ Airbus A320 လေယာဉ်ဟာ အပိုင်စီးခံရပြီးနောက် မော်လ်တာ နိုင်ငံတကာလေဆိပ်မှာ ဆင်းသက်ခဲ့ရပါတယ်။

play


ဖြုတ်ချခံရတဲ့ လစ်ဗျားခေါင်းဆောင် ကဒါဖီကို ထောက်ခံသူနှစ်ဦးက လေယာဉ်ကို အပိုင်စီးခဲ့တယ်လို့ ဆိုပါတယ်။ လစ်ဗျားလေဆိပ်မှာ လေယာဉ်ပြေးလမ်းမှာ အပိုင်စီးသူနှစ်ဦး ဒူးထောက်လက်မြှောက်ကာ အညံ့ခံခဲ့တဲ့ပုံတွေ သတင်းများကဖော်ပြခဲ့ပြီး မော်လ်တာအာဏာပိုင်တွေက ၎င်းတို့နှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။

play


လေယာဉ်ပေါ်မှာ လိုက်ပါလာခဲ့တဲ့ နို့စို့ကလေးငယ်တစ်ဦး အပါအဝင် လူအားလုံးဟာ ထိခိုက်မှုမရှိဘဲ ဘေးကင်းလွတ်မြောက်ခဲ့ပါတယ်။ တာဝန်ရှိသူတွေက လေယာဉ်အပိုင်စီးခဲ့သူနှစ်ဦးကို စစ်ဆေးမေးမြန်းနေကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ