International News: ချစ်ရည်လူးခဲ့စဉ်ကပုံတွေပို့ပြီး ရည်းစားဟောင်းကနှောင့်ယှက်လို့ မင်္ဂလာပွဲပျက်

ပုံတွေကို ဧည့်သည်တွေရဲ့စားပွဲတိုင်းပေါ်ကို လိုက်လံတင်ခဲ့တာဖြစ်ပါတယ်။

play

 

ကနေဒါနိုင်ငံ တိုရွန်တိုမြို့က မင်္ဂလာပွဲတစ်ခုဟာ ညစ်ညမ်းပုံတွေကြောင့် ရန်ပွဲအဖြစ် ပြောင်းလဲသွားခဲ့ရပါတယ်။ အကြောင်းရင်းကတော့ သတို့သမီးရဲ့ရည်းစားဟောင်း မွှေလိုက်လို့ပါပဲ။ သူနဲ့ချစ်ရည်လူးခဲ့စဉ်က ပုံတွေကို ဧည့်သည်တွေရဲ့စားပွဲတိုင်းပေါ်ကို လိုက်လံတင်ခဲ့တာဖြစ်ပါတယ်။

သတို့သမီးရဲ့အစ်ကိုက ညီမဖြစ်သူရဲ့အချစ်ဟောင်းမှန်း မသိဘဲ သတို့သားရဲ့ သူငယ်ချင်းလို့ပဲ ထင်နေခဲ့မိပါတယ်။ အဲ့ဒီနောက်မှာတော့ ညီမဖြစ်သူက ရည်းစားဟောင်းနဲ့မဖွယ်မရာလုပ်နေတဲ့ပုံတွေမှန်း သိလိုက်ရပြီး ပြဿနာတက်ရာက ဝရုန်းသုန်းကား ဖြစ်ကာ မင်္ဂလာပွဲပျက်သွားခဲ့ရတယ်လို့ သိရပါတယ်။ ဖြစ်ရပ်ကို မျက်မြင်တွေ့ရှိသူကလည်း ဗီဒီယိုရိုက်ကူးကာ လူမှုကွန်ရက်တွေပေါ်ကို တင်ထားပါသေးတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ