International News: အမေဇုန်တောနက်ထဲက လူသားမျိုးနွယ်စုတွေကို အနီးကပ်ဓာတ်ပုံရိုက်နိုင်ခဲ့

မြားတွေ လှံတွေနဲ့ လှမ်းပစ်လို့ အဝေးကပဲ ရသလောက် ဓာတ်ပုံရိုက်ခဲ့ရပါတယ်။

play

 

ပြင်ပကမ္ဘာကြီးဟာ ချာချာလည်အောင်မူးသွားမယ့် အရှိန်နဲ့ ပြောင်းလဲနေသည့်တိုင်အောင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀၀ ကျော်ကတည်းက ယခုချိန်ထိ အမေဇုန်တောတွင်းထဲမှာသာ နေထိုင်ကြသူတွေ ရှိနေကြပါသေးတယ်။ အမေဇုန်တောကြီးထဲက အမေဇုန်မျိုးနွယ်စုတွေ ရှိနေကြောင်းကိုလည်း ယခင်ကတည်းက သက်သေတွေ တွေ့ရှိခဲ့ပြီးပါပြီ။ တောတွင်းလူသားတွေဟာ ခေတ်ကာလကြာညောင်းလာတဲ့အခါ ပြင်ပကမ္ဘာနဲ့ ထိတွေ့လာကြပေမဲ့ အမေဇုန်မျိုးနွယ်စုတွေဟာ ယခုချိန်ထိတိုင်အောင် ပြင်ပကမ္ဘာနဲ့ ကင်းကွာနေကြတုန်းပါပဲ။

play

 

ဒီလူမျိုးစုတွေကို National Geographic က ဓာတ်ပုံရိုက်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ခေတ်လူသားတွေနဲ့ ထိတွေ့ဆက်သွယ်ဖူးတဲ့ တောတွင်းလူသားစုတွေဆီကိုအသွား ပီရူးနယ်စပ်အနီး ဘရာဇီးမုတ်သုန်တောတွင်းမှာ ယခုလူမျိုးနွယ်စုတွေကို အမှတ်မထင် ရဟတ်ယာဉ်ပေါ်ကတစ်ဆင့် တွေ့ရှိခဲ့တာပါ။ ရဟတ်ယာဉ်ကို အနိမ့်ပျံခိုင်းတော့ အောက်ကနေ မြားတွေ လှံတွေနဲ့ လှမ်းပစ်လို့ အဝေးကပဲ ရသလောက် ဓာတ်ပုံရိုက်ခဲ့ရပါတယ်။

play

 

ယင်းမျိုးနွယ်စုတွေဟာ ကျန်းမာကြပုံရပြီး ပြောင်းဖူး၊ ငှက်ပျောနဲ့ အခြားသီးနှံအချို့ကို စိုက်ပျိုးရေးလုပ်ထားကြတာကိုလည်း တွေ့ရကြောင်း ဓာတ်ပုံဆရာ ရီကတ်ဒို စတတ်ကတ်က ပြောပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ