International News: အဝလွန်နေတဲ့သားတွေအတွက် မိခင်ဖြစ်သူက အကူအညီတောင်းခံနေ

သားကြီးရဲ့ ကိုယ်အလေးချိန်က ပေါင် ၅၅၀ ရှိပြီး သားငယ်က ၂၇၅ ပေါင် အထိ ဝနေကြတာပါ။

play

 

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ရှန်ယန်းမြို့က မိခင်တစ်ဦးဟာ သူမရဲ့သားနှစ်ယောက်ကို ကူညီပေးဖို့ လူတွေထံက အကူအညီတောင်းခံနေပါတယ်။ သူမရဲ့ အမြွှာသားနှစ်ယောက်ဖြစ်တဲ့ ကျန်ဟန်းကျွန်နဲ့ ကျန်ယွမ်းကျွန်တို့ဟာ အသက် ၂၂ နှစ်သာ ရှိသေးပေမဲ့ အတော်ကို အဝလွန်နေတဲ့ အနေအထားကို ရောက်နေပါပြီ။ သူမမှာ အားကိုးစရာခင်ပွန်းလည်းမရှိတာကြောင့် ခုလိုမျိုး အကူအညီတောင်းခံနေရခြင်းဖြစ်ပါတယ်။

play

 

သားကြီးရဲ့ ကိုယ်အလေးချိန်က ပေါင် ၅၅၀ ရှိပြီး သားငယ်က ၂၇၅ ပေါင် အထိ ဝနေကြတာပါ။ ဒါတင်မက ဉာဏ်ရည်လည်းနိမ့်ပါးကြပါတယ်။ အလွန်အမင်းဝနေတဲ့ သားကြီးရဲ့ဉာဏ်ရည်ဉာဏ်သွေးညွှန်းကိန်း (IQ) ဆိုရင် အသက်တစ်နှစ်အရွယ်ကလေးနဲ့ တူနေပါတယ်။ သားငယ်ကတော့ ဒီလောက်မဆိုးရွားပါဘူး။  သာမာန်ထက် ပိုပြီး စားသောက်နေကြတဲ့အတွက်လည်း ပိုမိုဝလာနေကြပါတယ်။ ရှာသမျှပိုက်ဆံကလည်း စားဖို့အတွက်နဲ့တင် ကုန်နေရလို့ သူမရဲ့ဒုက္ခကို ကူညီပေးဖို့ မိခင်ဖြစ်သူက လူတွေထံကနေ အကူအညီတောင်းနေပါတယ်။

Source : People Daily China

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ