International News: မြန်မာ ၂ ဦး လိုက်ပါလာတဲ့ မလေးရှား အဝေးပြေးယာဉ် မြောင်းထဲထိုးကျပြီး ၁၄ ဦး သေဆုံး

ခရီးသည်တင်ယာဉ်ဟာ ဂျိုဟာဘာရူးမှ ကွာလာလမ်ပူသို့ မောင်းနှင်သွားနေစဉ် မတော်တဆမှု ဖြစ်ခဲ့တာပါ။

play


မလေးရှားနိုင်ငံ အဝေးပြေး ခရီးသည်တင်ယာဉ်တစ်စီး ပေ ၂၀ နီးပါးနက်တဲ့ မြောင်းထဲထိုးကျမှုကြောင့် လူ ၁၄ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ဂျလန်းကန်ကာ စီနန်ဂါပါဂိုးအနီး အဝေးပြေးလမ်းမှာ ယနေ့ (ဒီဇင်ဘာ ၂၄ ရက်) နံနက် ဒေသစံတော်ချိန် ၃း၃၀ ဝန်းကျင်က ခရီးသည်တင်ယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ ၂ ဦး လိုက်ပါလာတဲ့ မလေးရှားဘတ်စ်ကား မြောင်းထဲထိုးကျမှု


သေဆုံးသူတွေအနက် နို့စို့အရွယ် ကလေးတစ်ဦးနဲ့ ယာဉ်မောင်းတို့လည်း ပါဝင်ခဲ့ပါတယ်။ အဆိုပါ ခရီးသည်တင်ယာဉ်ဟာ ဂျိုဟာဘာရူးမှ ကွာလာလမ်ပူသို့သွားရောက်ရန် ဂျိုဟာဘာရူးရှိ လာကင်အဝေးပြေးစခန်းမှ နံနက် ၂း၀၀ မှာ စတင်ထွက်ခွာခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

  play


အဝေးပြေးယာဉ်ဟာ လမ်းဘေးကို ရောက်သွားခဲ့ပြီးနောက် မြောင်းထဲကို ဆက်လက် ထိုးကျသွားခဲ့တာလို့ ဆိုပါတယ်။ ဂျိုဟာ မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက ပြောကြားမှုအရ မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ ခရီးသည်တင်ယာဉ်မှာ Alisan Golden Coach Express မှဖြစ်ပြီး ယာဉ်ပေါ်မှာ စုစုပေါင်း လူ ၃၀ လိုက်ပါလာခဲ့ကြောင်း သိရပါတယ်။

play


မြောင်းထဲထိုးကျခဲ့တဲ့ အဝေးပြေးယာဉ်ပေါ်မှာ လိုက်ပါခဲ့တဲ့ စင်ကာပူ ၆ ဦး၊ မလေးရှား ၇ ဦးနဲ့ မြန်မာ ၂ ဦးတို့ ဒဏ်ရာများရခဲ့ပါတယ်။ နောက်ထပ် ဒဏ်ရာရသူအမျိုးသမီးမှာမူ မည်သူမှန်းမသိရသေးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

play


ဒဏ်ရာရသူတွေကို ဆူလ်တန်ဖတ်တမာအထူးကုဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရပါတယ်။ သေဆုံးခဲ့သူတွေအနက် စင်ကာပူနိုင်ငံသား ၃ ဦးလည်း ပါဝင်ကြောင်း CNA သတင်းက ပြောပါတယ်။
Source & Photo: Bernama, CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ