International News: ခရစ္စမတ်နေ့ မုန်တိုင်းဝင်နိုင်မှုကြောင့် ဖိလစ်ပိုင်မှာ ရွှေ့ပြောင်းရန်ညွှန်ကြား

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် အရှေ့ဘက်ကမ်းရိုးတန်းမှာ ၆ ပေအထိရှိတဲ့ ပင်လယ်ရေလှိုင်းများ တက်ရောက်နိုင်ကြောင်း သတိပေးထားပါတယ်။

  play


ဖိလစ်ပိုင်အာဏာပိုင်တွေက ခရစ္စမတ်နေ့မှာ အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်နိုင်မှုကြောင့် နိုင်ငံရှေ့ပိုင်း ကမ်းရိုးတန်းနေ ပြည်သူတွေကို ရွှေ့ပြောင်းကြရန် ယနေ့ (ဒီဇင်ဘာ ၂၄ ရက်) တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

တိုင်ဖွန်းနော့ခ်တင်း (Nock-Ten) ဟာ ခရစ္စမတ်နေ့မှာ လေတိုက်နှုန်း တစ်နာရီလျှင် ၁၃၈ မိုင်နှုန်းဖြင့် ကတ်တန်ဒူအန်နက်စ်ကျွန်းကို ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်မယ်လို့ US Joint တိုင်ဖွန်းသတိပေးစင်တာက ခန့်မှန်းထားပါတယ်။

တိုင်ဖွန်းမုန်တိုင်း နော့ခ်တင်း၏ ဂြိုဟ်တုပုံရိပ်


အဆိုပါကျွန်းမှာ လူဦးရေ ၂၅၀,၀၀၀ နေထိုင်လျက်ရှိကြောင်း သိရပါတယ်။ မုန်တိုင်းဟာ ကတ်တန်ဒူအန်နက်စ်မှာ တိုက်ခတ်ပြီးနောက် မနီလာမြို့တော် အပါအဝင် ဖိလစ်ပိုင်ရဲ့ အဓိကကျွန်းမကြီး လူဇွန်ကျွန်းကို တနင်္လာနေ့ (ဒီဇင်ဘာ ၂၆ ရက်) မှာ ဝင်ရောက်မယ်လို့လည်း ခန့်မှန်းထားကြောင်း သိရပါတယ်။

play


ဖိလစ်ပိုင် မိုးလေဝသဌာနက အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် အရှေ့ဘက်ကမ်းရိုးတန်းမှာ ၆ ပေအထိရှိတဲ့ ပင်လယ်ရေလှိုင်းများ တက်ရောက်နိုင်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမြေပြိမှုတွေလည်း ဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။

play


ဖိလစ်ပိုင်ကို တိုင်ဖွန်းမုန်တိုင်းများ နှစ်စဉ် ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလက အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဟိုင်ယန် တိုက်ခတ်ခဲ့မှုကြောင့် လူပေါင်း ၇,၃၅၀ သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ပြီး မုန်တိုင်းသင့်ဒေသမှ မြို့များ လုံးဝပျက်စီးခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ