International News: ဘာလင် ခရစ္စမတ်ဈေးမှာ ထရပ်ကားဖြင့် ဝင်တိုက်ခဲ့သူရဲ့ တူတော်စပ်သူကို ဖမ်းဆီး

အေနစ်ရဲ့တူက ၎င်းဟာ ဦးလေးဖြစ်သူနဲ့ မက်ဆေ့ခ်ျ အက်ပလီကေးရှင်းသုံးပြီး လုံခြုံရေးတွေရဲ့ စောင့်ကြည့်မှုကို တိမ်းရှောင်ကာ ဆက်သွယ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

play


တူနီးရှားနိုင်ငံ လုံခြုံရေးတပ်ဖွဲ့တွေက ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ခရစ္စမတ်ဈေးတန်းမှာ ထရပ်ကားဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့တဲ့ အေနစ်အမ်မရီနဲ့ တူတော်စပ်သူနဲ့ အခြား ၂ ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်ကြား လူသုံးဦးကို ဖမ်းဆီးခဲ့ကြောင်းနဲ့ ၎င်းတို့ဟာ အကြမ်းဖက်အဖွဲ့ဝင်တွေ ဖြစ်ကြကြောင်း တူနီးရှား ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

 
ခရစ္စမတ်ဈေးတန်း တိုက်ခိုက်မှုကျူးလွန်ခဲ့သူ တူနီးရှားဖွား အသက် ၂၄ နှစ်အရွယ် အေနစ်ဟာ ထွက်ပြေးတိမ်းရှောင်နေစဉ် ဒီဇင်ဘာ ၂၃ ရက်က အီတလီနိုင်ငံ မီလန်မြို့မှာ ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ ၁၉ ရက်က ဘာလင်မြို့ ခရစ္စမတ်ဈေးတန်းမှာ ထရပ်ကားဖြင့် အရှိန်မြှင့်မောင်းနှင်ကာ အကြမ်းဖက်ဝင်တိုက်ခဲ့မှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၄၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဘာလင် ခရစ္စမတ်ဈေးမှာ ထရပ်ကားဖြင့် အကြမ်းဖက် ဝင်တိုက်မှု


အေနစ်ရဲ့တူက ၎င်းဟာ ဦးလေးဖြစ်သူနဲ့ မက်ဆေ့ခ်ျ အက်ပလီကေးရှင်းသုံးပြီး လုံခြုံရေးတွေရဲ့ စောင့်ကြည့်မှုကို တိမ်းရှောင်ကာ ဆက်သွယ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ၎င်းအပါအဝင် အကြမ်းဖက်အဖွဲ့ဝင်သုံးဦးဟာ ဖူချာနာ၊ တူနစ်နဲ့ အေနစ်ရဲ့ဇာတိမြို့ ကိုင်ရူအန်အနီးရှိ အူဆလာတီယာတို့မှာ လှုပ်ရှားခဲ့ကြတယ်လို့ ဆိုပါတယ်။

အိုင်အက်စ်ခေါင်းဆောင်ကို သစ္စာခံတဲ့ အေနစ်


တူနီးရှားပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အေနစ်ရဲ့တူဖြစ်သူကလည်း အိုင်အက်စ်အကြမ်းဖက်ဖွဲ့ကို ထောက်ခံအားပေးသူ ဖြစ်ပါတယ်။ ထရပ်ကားဖြင့် အကြမ်းဖက်ခဲ့သူ အေနစ်က ၎င်းတို့ရဲ့ခေါင်းဆောင်ကို သစ္စာခံကြောင်း ပြောကြားထားတဲ့ ဗီဒီယိုကို အိုင်အက်စ်အဖွဲ့က ဒီဇင်ဘာ ၂၃ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ