International News: စန်တာကလော့စ်တွေပါဝင်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတ နုတ်ထွက်ရန် ဆန္ဒပြပွဲ

လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်မှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက စစ်ဆေးအတည်ပြုခဲ့ပါက ပတ်ဂွန်ဟေးမှာ သမ္မတအဖြစ်မှ နုတ်ထွက်ရမှာပါ။

play


တောင်ကိုရီးယားနိုင်ငံမှာ သမ္မတပတ်ဂွန်ဟေး ရာထူးမှ ချက်ချင်းနုတ်ထွက်ရန် ဆန္ဒပြမှုများ ဆက်လက် ပြုလုပ်ခဲ့ပါတယ်။ သီတင်းပတ်ကုန် ကိုးခုမြောက်အဖြစ် ယနေ့ (ဒီဇင်ဘာ ၂၄ ရက်) မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲအတွင်း လူငယ်အများအပြားက ခရစ္စမတ်နေ့အကြို ဖြစ်နေတာကြောင့် စန်တာကလော့စ်ဝတ်စုံများဖြင့် ဆန္ဒပြခဲ့ကြတာ တွေ့ရပါတယ်။

တောင်ကိုရီးယားသမ္မတ နုတ်ထွက်ရန် ကိုးကြိမ်မြောက် ဆန္ဒပြ


သမ္မတပတ်ဂွန်ဟေးကို အကျင်ပျက်ခြစားမှုအတွက် စွဲချက်တင်စစ်ဆေးရန် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်မှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက စစ်ဆေးအတည်ပြုခဲ့ပါက ပတ်ဂွန်ဟေးမှာ သမ္မတအဖြစ်မှ နုတ်ထွက်ရမှာပါ။

play


ဆန္ဒပြသူတွေက သမ္မတပတ်ဂွန်ဟေးကို ချက်ချင်းနုတ်ထွက်ရန် တောင်းဆိုကြပါတယ်။ ယနေ့ ဆန္ဒပြပွဲကို လူ ၅၅၀,၀၀၀ ကျော် ပါဝင်ခဲ့ကြကြောင်း စီစဉ်သူတွေက ပြောပါတယ်။ ဆန္ဒပြသူတွေက သမ္မတအိမ်ပြာတော်၊ ဝန်ကြီးချုပ်ရုံးနဲ့ အခြေခံဥပဒေခုရုံးတို့ကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

play


အသက် ၆၄ နှစ်အရွယ် သမ္မတပတ်ဂွန်ဟေးဟာ သူငယ်ချင်းဖြစ်သူကို နိုင်ငံရေးမှာ စွက်ဖက်ခွင့်ပြုခဲ့ရာက အကျင့်ပျက်ခြစားမှု နိုင်ငံရေးအရှုပ်အထွေး ပေါ်ပေါက်လာခဲ့ပါတယ်။

play


အခြေခံဥပဒေခုံရုံးက အတည်ပြုခဲ့ပြီး သမ္မတပတ်ဂွန်ဟေး ရာထူးမှ နုတ်ထွက်ခဲ့ရပါက ရက် ၆၀ အတွင်း သမ္မတသစ်ရွေးကောက်ပွဲ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ