International News: ဘင်္ဂလားဒေ့ရှ်မှာ ရဲတပ်ဖွဲ့စီးနင်းမှုအတွင်း အမျိုးသမီးတစ်ဦး အသေခံဖောက်ခွဲမှုဖြစ်

အစွန်းရောက် စစ်သွေးကြွများ ပုန်းအောင်နေကြောင်း သတင်းအရ စီးနင်းမှုကို ဆောင်ရွက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောထားပါတယ်။

play
ဒါကာမြို့ရှိ နေအိမ်ကို စီးနင်းမှုအတွင်း တွေ့ရသည့် ရဲတပ်ဖွဲ့ဝင်များ


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေအိမ်တစ်လုံးကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ် အစွန်းရောက်အဖွဲ့နဲ့ ဆက်နွယ်သူ အမျိးသမီးတစ်ဦးက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါ အမျိုးသမီးဟာ ဘင်္ဂလားဒေ့ရှ်မှာ တရားမဝင်အုပ်စုအဖြစ် သတ်မှတ်ပိတ်ပင်ထားတဲ့ Jumatul Mujahedeen Bangladesh (JMB) အုပ်စုနဲ့ ဆက်နွယ်သူဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး အာဆတ်ဒူဇမန်းခန်းက ဆိုပါတယ်။

ဒါကာကော်ဖီဆိုင် အကြမ်းဖက်တိုက်ခိုက်မှု

 

စီးနင်းမှုပြုလုပ်စဉ် အမျိုးသမီးတစ်ဦး အသေခံဖောက်ခွဲမှုဟာ ဘင်္ဂလားဒေ့ရှ်မှာ ပထမဆုံးအကြိမ်လည်း ဖြစ်ခဲ့ပါတယ်။ ဒါကာမြို့မှာ ယနေ့ (ဒီဇင်ဘာ ၂၄ ရက်) ပြုလုပ်ခဲ့တဲ့ စီးနင်းမှုအတွင်း အမျိးသားတစ်ဦးလည်း အပြန်အလှန် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။

ရဲတပ်ဖွဲ့က စီးနင်းခဲ့တဲ့ နေအိမ်မှ အခြား အမျိုးသမီးနှစ်ဦးနဲ့ ကလေးငယ်နှစ်ဦးကို အစောပိုင်းက ထိန်းသိမ်းခဲ့ပြီး ဖြစ်ပါတယ်။ အချို့သတင်းတွေရဲ့ ဖော်ပြမှုအရ အသေခံဖောက်ခွဲခဲ့ရာမှာ အမျိုးသမီးအပြင် ဆယ်ကျော်သက် ယောက်ျားလေးတစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

play
ဒါကာမြို့ရှိ နေအိမ်ကို စီးနင်းမှုအတွင်း တွေ့ရသည့် ရဲတပ်ဖွဲ့ဝင်များ


ရဲတပ်ဖွဲ့က အဆိုပါနေအိမ်ကို ယနေ့ မနက်ပိုင်းမှစပြီး ဝိုင်းပတ်ပိတ်ဆို့ထားခဲ့ပါတယ်။ အစွန်းရောက် စစ်သွေးကြွများ ပုန်းအောင်နေကြောင်း သတင်းအရ ယခု စီးနင်းမှုကို ဆောင်ရွက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောထားပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ယခုနှစ် ဇူလိုင်လအတွင်းက ကော်ဖီဆိုင်တစ်ဆိုင်ကို အကြမ်းဖက်စီးနင်းကာ ဓားစာခံများ ဖမ်းဆီးသတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ပြီး လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။

play
ဒါကာကော်ဖီဆိုင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့စဉ်


ကော်ဖီဆိုင် အကြမ်းဖက်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အဖွဲ့က ပြောကြားခဲ့ပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေဟာ ပြည်တွင်းအခြေစိုက် JMB အုပ်စုမှသာဖြစ်တယ်လို့ ဆိုပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ