International News: လူ ၉၂ ဦး လိုက်ပါလာတဲ့ ရှရှားစစ်ဘက်လေယာဉ် ပျက်ကျမှုဖြစ်ပွား

သေဆုံးသွားသူတွေဟာ Alexandrov Ensemble စစ်တီးဝိုင်းအဖွဲ့ကလူတွေဖြစ်ပါတယ်။

play
Tu-154 အမျိုးအစား လေယာဉ်တစ်စီး


ခရစ္စမတ်နေ့မနက်အစောပိုင်းက ရုရှားစစ်ဘက်ပိုင် Tu-154 အမျိုးအစား လေယာဉ်တစ်စီးဟာ ဆိုချီလေဆိပ်က ထွက်ခွာပြီး မကြာမီမှာ လေကြောင်းထိန်းချုပ်ရေးနဲ့ အဆက်အသွယ်ပြတ်တောက်ကာ ရေဒါကနေ ပျောက်ကွယ်သွားကြောင်း သတင်းရရှိပါတယ်။

play
Alexandrov Ensemble အဖွဲ့သားများ ၂၀၁၅ ခုနှစ်က ဖျော်ဖြေခဲ့ကြစဉ်


လေယာဉ်ပေါ်မှာ လူ ၉၁ ဦး လိုက်ပါလာပြီး ယင်းတို့အနက် ၉ ဦးက သတင်းသမားတွေဖြစ်ပါတယ်။ ကျန်တဲ့လူတွေကတော့ ဓမ္မတေးသီကျူးမယ့်အဖွဲ့ဖြစ်ပြီး နှစ်သစ်ကူးပွဲဆင်နွှဲဖို့ ဆီးရီးယားက Khmeimin လေတပ်စခန်းကို သွားကြတာပါ။

play


လေယာဉ်ထွက်ခွာစဉ်က ထူးခြားချက် တစ်စုံတစ်ရာတော့ မရှိခဲ့ပါဘူး။ သင်္ဘော ၇ စင်း၊ ရဟတ်ယာဉ်တစ်စီးနဲ့ ရှာဖွေမှုပြုလုပ်အပြီးမှာတော့ လေယာဉ်ပျက်ကို Black Sea အနီးက ကမ်းစပ်မှာ ပြန်လည်တွေ့ရှိခဲ့ကြပါတယ်။ လေယာဉ်ပေါ်မှာ အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ မတွေ့ရဘူးလို့ RT သတင်းက ရေးသားထားပါတယ်။
Source : RT
 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ