International News: ကမ္ဘာ့အမြင့်ဆုံးရုပ်တုကို အိန္ဒိယမှာ စတင်တည်ဆောက်

အွန်လိုင်းကနေ လက်မှတ်ထိုးပြီး ကန့်ကွက်နေသူတွေလည်း ရှိပါတယ်။

play

 

၁၇ ရာစုက အိန္ဒိယနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ချဟာထရာပတီ ရှီဗာဂျီရဲ့ပုံတူကို ကမ္ဘာ့အမြင့်ဆုံးရုပ်တုအဖြစ် အိန္ဒိယမှာ စတင်ဆောက်လုပ်တော့မှာပါ။ အိန္ဒိယဝန်ကြီးချုပ် နီရန်ဒရာမိုဒီက စနေနေ့မှာ ဖောင်ဒေးရှင်းကျောက်တုံးကို ချပေးပြီး တည်ဆောက်ရေးပိုင်းကို စတင်ဖွင့်ပေးခဲ့ပါတယ်။ မွန်ဘိုင်းမြို့ အာရေးဗျပင်လယ်အနီး အနောက်ဘက်ကမ်းခြေမှာ ရှီဗာဂျီရဲ့ရုပ်တုကြီးကို တည်ဆောက်နေတာပါ။

ယင်းရုပ်တုကို လစ်ဘာတီရုပ်တုထက်  ၂ဆကျော်ပိုမြင့်အောင်နဲ့ ရီယိုဒီဂျန်နရေးရိုးက ခရစ်တော်ရုပ်တုထက် ၅ဆ ပိုမြင့်အောင် ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။ အမြင့်ပေအားဖြင့် တွက်မယ်ဆိုရင်တော့ ပေ ၆၃၀ ရှိမှာဖြစ်ပါတယ်။ ခန့်မှန်းကုန်ကျစရိတ် ရူပီး ၃၆ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၅၃၀) သုံးစွဲသွားမှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ အပြီးသတ်မယ့် ဒီရုပ်တုအတွက်ကိုတော့ အိန္ဒိယနိုင်ငံသား ၂၇၀၀၀ ကျော်က စနေနေ့ ညနေမှာပဲ အွန်လိုင်းကနေ လက်မှတ်ထိုးပြီး ကန့်ကွက်နေကြပါတယ်။

Source : Japan Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ