International News: သမ္မတရုံးခန်းကို စီးနင်းရှာဖွေမည်ဟု တောင်ကိုရီးယား အထူးစုံစမ်းရေးမှူးပြော

လက်ရှိမှာ သမ္မတပတ်ဂွန်ဟေးကို လုပ်ပိုင်ခွင့်အာဏာ ဆိုင်းငံ့ထားပြီး တောင်ကိုရီးယားပြည်သူတွေကလည်း ရာထူးမှ ချက်ချင်းနုတ်ထွက်ရန် ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။

play


တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး ပါဝင်ပတ်သက်နေတဲ့ အကျင့်ပျက်ခြစားမှု အရှုပ်အထွေးကို စုံစမ်းစစ်ဆေးနေသူ အထူးစုံစမ်းစစ်ဆေးရေးမှူးတွေက ၎င်းတို့မှာ အခြားရွေးချယ်စရာ မရှိတော့ဘဲ သမ္မတရုံးခန်းကို စီးနင်းရှာဖွေသွားမယ်လို့ ယနေ့ (ဒီဇင်ဘာ ၂၅ ရက်) ပြောကြားလိုက်ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြပါတယ်။

ခရစ္စမတ်အကြိုနေ့ တောင်ကိုရီးယား ဆန္ဒပြပွဲ


သမ္မတပတ်ဂွန်ဟေးဟာ သူငယ်ချင်းဖြစ်သူ ချိုဆွန်ဆေးလ်နဲ့ ပူးပေါင်းပြီး ကုမ္ပဏီကြီးတွေကို ဖောင်ဒေးရှင်းများအတွက် ရန်ပုံငွေထည့်ဝင်ရန် ဖိအားပေးကာ ၎င်းရဲ့မူဝါဒတွေအပေါ် ထောက်ခံမှုရအောင် လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲမှုများကို စုံစမ်းရေးမှူးတွေက စစ်ဆေးနေပါတယ်။ စုံစမ်းစစ်ဆေးရေးမှူးတွေက ၎င်းတို့အနေနဲ့ သမ္မတရုံးခန်းကို ရှာဖွေခွင့်လိုအပ်ကြောင်း တင်ပြခဲ့ပေမဲ့ သမ္မတရုံးခန်းက ဝင်ရောက်ရှာဖွေခွင့်မပြုဘဲ ငြင်းဆန်ခဲ့ပါတယ်။

play


ယခုအခါမှာ စုံစမ်းစစ်ဆေးရေးမှူးတွေက သမ္မတပတ်ဂွန်ဟေးရဲ့ ရုံးခန်းကို စီးနင်းဝင်ရောက်ပြီး ရှာဖွေမှုပြုလုပ်မယ်လို့ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ သမ္မတပတ်ဂွန်ဟေးကို အကျင့်ပျက်ခြစားမှုဖြင့် စွဲချက်တင်ရန် လွှတ်တော်က မဲခွဲဆုံးဖြတ်ထားပြီး လွှတ်တော်ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက စစ်ဆေးအတည်ပြုရမှာ ဖြစ်ပါတယ်။

play


ခုံရုံးက အတည်ပြုခဲ့ပါက ပတ်ဂွန်ဟေးဟာ သမ္မတရာထူးမှ နုတ်ထွက်ရမှာပါ။ လက်ရှိမှာ သမ္မတပတ်ဂွန်ဟေးကို လုပ်ပိုင်ခွင့်အာဏာ ဆိုင်းငံ့ထားပြီး တောင်ကိုရီးယားပြည်သူတွေကလည်း ရာထူးမှ ချက်ချင်းနုတ်ထွက်ရန် ဆန္ဒပြမှုတွေကို သီတင်းပတ်ကုန် ၉ ခုမြောက်အဖြစ် ယမန်နေ့ (ဒီဇင်ဘာ ၂၄ ရက်) မှာ ဆက်လက် ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ