International News: နှင်းထူထပ်စွာကျရောက်မှုကြောင့် ဂျပန်လေဆိပ်မှာ ခရီးသည် ထောင်နဲ့ချီပြီး သောင်တင်

ဟော့ကိုင်းဒိုမှာ ရာစုနှစ်တစ်ဝက်အတွင်း အထူထပ်ဆုံး နှင်းကျဆင်းမှုအဖြစ် စံချိန်တင်ခဲ့ကြောင်း ဂျပန်မိုးလေဝသဌာနက ပြောပါတယ်။

play


ဂျပန်နိုင်ငံမြောက်ပိုင်းမှာ နှင်းများထူထပ်စွာ ကျရောက်မှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ရပ်တန့်ခဲ့ရပြီး ထောင်နဲ့ချီတဲ့ ခရီးသည်တွေ သောင်တင်နေခဲ့ကြောင်း သိရပါတယ်။ နှင်းများထူထပ်စွာ ကျရောက်မှုကြောင့် ဂျပန်မြောက်ပိုင်း ရထားနဲ့ လေကြောင်းခရီးစဉ်တွေကို သုံးညဆက်တိုက် ပယ်ဖျက်ခဲ့ရပါတယ်။

နှင်းများဖုံးလွှမ်းနေတဲ့ ဂျပန်လေဆိပ်


ဟော့ကိုင်းဒိုကျွန်းမြို့တော် ဆက်ပ်ပိုရိုမှာ ဒီဇင်ဘာ ၂၃ ရက် ညပိုင်းက ကျဆင်းခဲ့တဲ့ နှင်းထုဟာ ၃ ပေကျော်အထိ ရှိခဲ့ပြီး ရာစုနှစ်တစ်ဝက်အတွင်း အထူထပ်ဆုံး နှင်းကျဆင်းမှုအဖြစ် စံချိန်တင်ခဲ့ကြောင်း ဂျပန်မိုးလေဝသဌာနက ပြောပါတယ်။ ဂျပန်မြောက်ပိုင်းကိုသွားရောက်တဲ့ အဓိကလေဆိပ် New Chitose မှာ နှင်းများထူထပ်စွာ ဖုံးလွှမ်းခဲ့ပါတယ်။

play


ဒီဇင်ဘာ ၂၂ ရက်ညက ခရီးသည် ၂,၅၀၀၀ ခန့်၊ ဒီဇင်ဘာ ၂၃ ရက်ညမှာ ခရီးသည် ၆,၀၀၀ နဲ့ ယမန်နေ့ညမှာ ခရီးသည် ၂,၆၀၀ လေဆိပ်မှာ သောင်တင်ခဲ့ကြကြောင်း လေဆိပ်လုံခြုံရေး အရာရှိတစ်ဦးက ပြောပါတယ်။ ဒီဇင်ဘာ ၂၃ ရက် တစ်ရက်တည်းမှာပင် လေဆိပ်မှခရီးစဉ် ၂၈၀ နဲ့ ရာနဲ့ချီတဲ့ ရထားခရီးစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

play


ဂျပန်မှာ နှင်းများထူထပ်စွာ ကျရောက်မှုကြောင့် ကားလမ်းပိတ်ဆို့မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ ယနေ့ (ဒီဇင်ဘာ ၂၅ ရက်) မနက်ပိုင်းမှာတော့ ဂျပန်မှာ ရာသီဥတု သိသာစွာ ပြန်လည်ကောင်းမွန်လာတယ်လို့ ဆိုပါတယ်။
Source & Photo: AFP, Royston Chan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ