International News: လူအတွက်သာမက ဖုန်းအတွက်ပါ သန့်စင်စက္ကူထားရှိပေးတဲ့ ဂျပန်လေဆိပ်အိမ်သာများ

ဂျပန်နိုင်ငံဟာ အများပြည်သူသုံး အိမ်သာတွေ သန့်ရှင်းမှု၊ ခေတ်မီမှုနဲ့ နည်းပညာမြင့် ဝန်ဆောင်မှုများ ထားရှိပေးမှုတို့ကြောင့် ကျော်ကြားပါတယ်။

play


ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နာရီတာနိုင်ငံတကာလေဆိပ်ရဲ့ အိမ်သာတွေထဲမှာ လူတွေအတွက်သာမက စမတ်ဖုန်များအတွက်ပါ သန့်စင်စက္ကူလိပ် စီစဉ်ထားရှိပေးတယ်လို့ ဆိုပါတယ်။ လေဆိပ်မှာ အိမ်သာသုံးသူတွေအတွက် ၎င်းတို့ရဲ့ စမတ်ဖုန်းတွေကို ပိုးမွှားသန့်စင်နိုင်ရန် စမတ်ဖုန်းသန့်စင်စက္ကူ ထားရှိပေးထားပါတယ်။

ဂျပန်လေဆိပ်အိမ်သာမှ စမတ်ဖုန်းသန့်စင်စက္ကူ


ဂျပန်မိုဘိုင်းကုမ္ပဏီ NTT Docomo အမှတ်တံဆိပ် ပါဝင်တဲ့ အဆိုပါ စမတ်ဖုန်းသန့်စင်စက္ကူပေါ်မှာ ကုမ္ပဏီရဲ့ ဝိုင်ဖိုင်နေရာများနဲ့ စမတ်ဖုန်းသုံး ခရီးသွားအက်ပလီကေးရှင်း အကြောင်းတွေကို ပုံနှိပ်ဖော်ပြထားပါတယ်။

play


လေဆိပ်အိမ်သာထဲမှာ စမတ်ဖုန်းသန့်စင်စက္ကူ ထားပေးတဲ့သတင်းကို ဆိုရှယ်မီဒီယာမှာ ရယ်စရာအဖြစ်နဲ့ အံ့သြစရာအဖြစ် ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

play


နာရီတာလေဆိပ်ရဲ့ အိမ်သာ ၇ ခုမှာထားရှိတဲ့ စမတ်ဖုန်း သန့်စင်စက္ကူလိပ်တွေကို လာမယ့်နှစ် မတ်လအထိ ဆက်လက်ထားရှိသွားမယ်လို့ NTT Docomo ကို ကိုးကားပြီး ဂျပန်သတင်းတွေက ဖော်ပြပါတယ်။

play


စမတ်ဖုန်းမျက်နှာပြင်မှာ ပိုးမွှားများ ရှိနေမှုဟာ အိမ်သာခွက်မှာထက် ၅ ဆ ပိုများကြောင်း NTT Docomo က ၎င်းတို့ရဲ့ YouTube ဗီဒီယိုမှာ ပြောထားပါတယ်။  ဂျပန်နိုင်ငံဟာ အများပြည်သူသုံး အိမ်သာတွေ သန့်ရှင်းမှု၊ ခေတ်မီမှုနဲ့ နည်းပညာမြင့် ဝန်ဆောင်မှုများ ထားရှိပေးမှုတို့ကြောင့် ကမ္ဘာတစ်ဝန်း ကျော်ကြားပါတယ်။
Source & Photo: Daily Maill, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ