International News: ဂျာမနီမှာ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံး ရှင်းလင်းရန် လူ ၅၀,၀၀၀ ကျော်ကို ရွှေ့ပြောင်းရ

ဗုံးရှင်းလင်းမှုလုပ်ငန်းမှာ မည်မျှကြာမြင့်မည်ကို မသိရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play


ဂျာမနီနိုင်ငံမှာ အော့စ်ဘတ်မြို့မှာ တွေ့ရှိခဲ့တဲ့ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးကို ရှင်းလင်းရန်အတွက် မြို့ခံလူ ၅၄,၀၀၀ ကျော်ကို ၎င်းတို့နေအိမ်များမှ ရွှေ့ပြောင်းစေခဲ့ရကြောင်း သိရပါတယ်။

play
ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံး တွေ့ရှိရသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာ


ဗုံးကိုရှင်းလင်းရန် ယနေ့ (ဒီဇင်ဘာ ၂၅ ရက်) မှာ ဆောင်ရွက်ခဲ့ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကြောင့် အဆိုပါမြို့မှာ လူအများအဆုံး ရွှေ့ပြောင်းခဲ့ရမှုလည်း ဖြစ်ခဲ့ပါတယ်။

play


၁ ဒသမ ၈ တန်ရှိ ဗြိတိန်လေတပ်ရဲ့ဗုံးကို ၁၉၄၄ ခုနှစ်က လေကြောင်းတိုက်ခိုက်မှုအတွင်း ကြဲချခဲ့ဖွယ်ရှိကြောင်း သိရပါတယ်။ အဆိုပါ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးကို ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်စဉ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

play

 
ဗုံးရှင်းလင်းမှုလုပ်ငန်းမှာ မည်မျှကြာမြင့်မည်ကို မသိရှိကြောင်း အော့စ်ဘတ်ရဲတပ်ဖွဲ့က ပြောပါတယ်။ အာဏာပိုင်တွေက ဗုံးတွေ့ရှိတဲ့နေရာမှာ မိုင်ဝက်ကျော်ပတ်လည်အတွင်း နေထိုင်ကြတဲ့ မြို့ခံတွေကို ရွှေ့ပြောင်းစေခဲ့တာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းသူတွေအတွက် စာသင်ကျောင်းနဲ့ အားကစားခန်းမတွေမှာ ယာယီနေထိုင်နိုင်ရန် စီစဉ်ပေးထားကြောင်း သိရပါတယ်။

play
၂၀၁၅ ခုနှစ်က ကိုလုံးမြို့မှာ တွေ့ခဲ့ရသည့် ကမ္ဘာစစ်လက်ကျန်ဗုံးတစ်လုံး


ဂျာမနီနိုင်ငံမှာ ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးများ တွေ့ရှိရမှု

  • မေ၊ ၂၀၁၅ - ကိုလုံးမြို့မှာ အလေးချိန် ၁ တန်ရှိ ဗုံးတစ်လုံး တွေ့ရှိခဲ့ရမှုကြောင့် မြို့ခံ ၂၀,၀၀၀ ကို ရွှေ့ပြောင်းခဲ့ရပါတယ်။
  • ဇန်နဝါရီ၊ ၂၀၁၂ - Euskirchen မြို့မှာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကို ဆောက်လုပ်ရေးလုပ်သားတစ်ဦးက တူးဆွမိရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့ပါတယ်။
  • ဒီဇင်ဘာ၊ ၂၀၁၁ - ရိုင်းမြစ်ကြမ်းပြင်မှာ ဗုံးနှစ်လုံး တွေ့ရှိရမှုကြောင့် ကော့ဘ်လင်ဇ်မှာ နေထိုင်သူ ၄၅,၀၀၀ ကို ရွှေ့ပြောင်းစေခဲ့ရပါတယ်။ အဆိုပါ ဗုံးနှစ်လုံးကို ၃ နာရီကြာ ရှင်းလင်းမှုလုပ်ဆောင်ခဲ့ရပါတယ်။
  • ဇွန်၊ ၂၀၁၀ - Goettingen ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ တွေ့ရတဲ့ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးကို ရှင်းလင်းခဲ့တဲ့ ဗုံးရှင်းလင်းရေး အဖွဲ့ဝင် ၃ ဦး ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့ပါတယ်။

Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ