International News: ချီလီငလျင်ကြောင့် ဆူနာမီရေလှိုင်းသတိပေးချက် ထုတ်ပြန်ခဲ့ရ

ချီလီ အရေးပေါ်ဌာနက လော့စ်လာဂို့စ် ကမ်းရိုးတန်းဒေသမှာ နေထိုင်သူတွေကို ရွှေ့ပြောင်းကြရန် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

play


ချီလီနိုင်ငံ ကမ်းလွန်မှာ ပြင်းအား ၇.၆ ရစ်ခ်ျတာစကေးရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ဆူနာမီရေလှိုင်း သတိပေးချက် ထုတ်ပြန်ထားရကြောင်း သိရပါတယ်။ ငလျင်ဟာ ချီလီတောင်ပိုင်း ပွာတိုမွန့် အနောက်တောင်ဘက် မိုင် ၁၄၀ အကွာ ကမ်းလွန်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း United States Geological Survey (USGS) က ဖော်ပြခဲ့ပါတယ်။

  play


ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။ ချီလီ အရေးပေါ်ဌာနက လော့စ်လာဂို့စ် ကမ်းရိုးတန်းဒေသမှာ နေထိုင်သူတွေကို ရွှေ့ပြောင်းကြရန် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ဆူနာမီရေလှိုင်များ တက်ရောက်လာနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် Biobio, Araucania, Los Rios, Aysen ဒေသတွေမှာ နေထိုင်သူတွေကို ရွှေ့ပြောင်းကြရန် သတိပေးချက်မှာ ဖော်ပြထားပါတယ်။

ငလျင်ရဲ့ဗဟိုချက်မှ ၆၂၁ မိုင်အကွာရှိ ကမ်းရိုးတန်းဒေသတွေမှာ အမြင့် ၉ ပေ ၁၀ လက်မအထိရှိနိုင်တဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်လာနိုင်ကြောင်း ပစိဖိတ်ဆူနာမီ သတိပေးစင်တာကလည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

UPDATE: နောက်ဆုံးသိရတဲ့ သတင်းများအရ ဆူနာမီရေလှိုင်းသတိပေးချက်ကို ရုပ်သိမ်းလိုက်ပြီလို့ သိရပါတယ်။
Source & Photo: USGS, BBC, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ