International News: ယန်ဇီမြစ်ထဲ အမှိုက်တန်ချိန် သုံးထောင်နီးပါး ပစ်ချမှုဖြင့် လူ ၁၁ ဦးကို ဖမ်းဆီး

တရုတ်မြို့ကြီးအများစုမှာ အမှိုက်များသုံးပြီး မြေဖို့မှုများ၊ မြို့ပြလူဦးရေ ထူထပ်လာမှုနဲ့ စွန့်ပစ်ပစ္စည်း များပြားလာမှုတွေကို ကိုင်တွယ်ဖြေရှင်း ရုန်းကန်နေရပါတယ်။

play


တရုတ်နိုင်ငံမှာ ယန်ဇီမြစ်အတွင်း အမှိုက်တန်ချိန် ၂,၉၀၀ ကျော် ပစ်ချခဲ့မှုဖြင့် လူ ၁၁ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်ကြောင်း ဆင်ဟွာသတင်းဌာနက ယမန်နေ့ (ဒီဇင်ဘာ ၂၅ ရက်) နှောင်ပိုင်းမှာ ဖော်ပြပါတယ်။ အမှိုက်များကို ယခုလအစောပိုင်းမှာ အိမ်သုံးစွန့်ပစ်ပစ္စည်း ဖယ်ရှားရှင်းလင်းရေး ကုမ္ပဏီကြီး ၂ ခုမှ ကန်ထရိုက်ပြန်ချပေးထားတဲ့ လုပ်ငန်းတွေက မြစ်အတွင်း စွန့်ပစ်ခဲ့တာလို့ ဆိုပါတယ်။

ယန်ဇီမြစ်အတွင်းမှ အမှိုက်သရိုက်များ


တရုတ်အစိုးရက နိုင်ငံရဲ့ နေရာဒေသ အများအပြားရှိ လေထု၊ ရေထုနဲ့ မြေထု ညစ်ညမ်းနေမှုကို သန်ရှင်းစေရန် ဆောင်ရွက်နေပေမဲ့ လုံလောက်မှုမရှိသေးကြောင်း ပြောကြားထားပါတယ်။ တရုတ်မြို့ကြီးအများစုမှာ အမှိုက်များသုံးပြီး မြေဖို့မှုများ၊ မြို့ပြလူဦးရေ ထူထပ်လာမှုနဲ့ စွန့်ပစ်ပစ္စည်း များပြားလာမှုတွေကို ကိုင်တွယ်ဖြေရှင်း ရုန်းကန်နေရပါတယ်။

play


တရုတ် ပတ်ဝန်းကျင်ဝန်ကြီးဌာနက ယခုနှစ် နိုဝင်ဘာလအတွင်း ထုတ်ပြန်မှုအရ ၂၀၁၅ ခုနှစ်အတွင်း မြို့ကြီးနဲ့ အလယ်အလတ်အဆင့်ရှိ မြို့ပေါင်း ၂၄၆ မြို့မှ အိမ်သုံးစွန့်ပစ်ပစ္စည်း တန်ချိန် ၁၈၅ သန်းနဲ့ စက်မှုလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်း တန်ချိန် ၁.၉၁ ဘီလီယံ စွန့်ပစ်ခဲ့ကြကြောင်း သိရပါတယ်။


တရုတ်အစိုးရက ၂၀၁၆ ခုနှစ် ၂၀၂၀ ခုနှစ်အထိ စွန့်ပစ်ပစ္စည်း အမှိုက်သရိုက်များ ကိုင်တွယ်ဆောင်ရွက်ရန် အသုံးစရိတ် အမေရိကန်ဒေါ်လာ ၂၇.၇ ဘီလီယံ (ယွမ်ငွေ ၁၉၂.၄ ဘီလီယံ) လိုအပ်ကြောင်း စက်တင်ဘာအတွင်း ထုတ်ပြန်ခဲ့တဲ့ အစီအစဉ်မှာ ဖော်ပြထားပါတယ်။
Source & Photo: Xinhua, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ