International News: ကမ္ဘာမြေပြင်အထက် မိုင်နှစ်ရာကျော်က အာကာယာဉ်မှူးတွေရဲ့ ခရစ္စမတ်

ခရစ္စမတ်အထိမ်းအမှတ် စားသောက်ပွဲကိုလည်း ကိုကိုးဖျော်ရည်ပူနဲ့ ကြက်ဆင်သားအစာသွပ် ပေါင်မုန့်တို့ဖြင့် ပျော်ရွှင်စာ စားသောက်ခဲ့ကြပါတယ်။

play
ခရစ္စမတ်နှုတ်ခွန်းဆက်စကား ပြောကြားနေသည့် အာကာသယာဉ်မှူး ၃ ဦး


အမေရိကန်အာကာသအေဂျင်စီ နာဆာက ကမ္ဘာမြေပြင်အထက်မှာ ကောင်းကင်ယံမှာရောက်ရှိနေတဲ့ နိုင်ငံတကာအာကာစခန်းမှ အာကာယာဉ်မှူးတွေရဲ့ ခရစ္စမတ်နှုတ်ခွန်းဆက်စကားကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ကမ္ဘာမြေပြင်မှာ ခရစ္စမတ်နေ့ကျင်းပကြသလို အာကာသထဲရောက်တဲ့ အာကာသယာဉ်မှူးတွေကလည်း အထိမ်းအမှတ် ပြုလုပ်ခဲ့ကြပါတယ်။

အာကာထဲက ခရစ္စမတ်နှုတ်ခွန်းဆက်စကား


အာကာသယာဉ်မှူး ရှိန်းကမ်ဘရော့က "ထုံးစံကတော့ ကမ္ဘာမြေပြင်က ခရစ္စမတ်ကာလမှာ မိသားစုဝင်တွေနဲ့ တွေ့ကြဆုံကြတာပေါ့။ ဂျော်ဂျီယာက အိမ်ကိုသွားတယ်။ ဒါမှမဟုတ် ဖလော်ရီဒါ၊ ကော်လိုရာဒိုကိုသွားပြီး ဝေးကွားနေတဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံကြတာပေါ့။ ဒီနှစ် ခရစ္စမတ်မှာတော့ ကျွန်တော်တို့ရဲ့ စွမ်းရည်နဲ့ အချိန်တွေကို မိသားစုတွေအတွက်ထက် အခြားသူတွေအတွက် ပေးဆပ်ထားပါတယ်။ ဒါကပဲ ကျွန်တော် ကျေနပ်နှစ်သက်မိတဲ့ ခရစ္စမတ်ကာလပါပဲ" လို့ ပြောပါတယ်။

play
အာကာသထဲရောက် အသက်အကြီးဆုံး အမျိုးသမီး အာကာသယာဉ်မှူး ပက်ဂီရဲ့ ခရစ္စမတ်ဖက်ရှင်


အာကာသအတွင်း တတိယအကြိမ်မြောက် အချိန်အကြာဆုံး နေထိုင်သူဖြစ်တဲ့ နာဆာမှ အမျိုးသမီး အာကာသယာဉ်မှူး ပက်ဂီဝစ်ဆန်ကလည်း "ဒီအချိန်မှာ အာကာသထဲကနေ ကမ္ဘာကိုပြန်ကြည့်ခွင့်ရတာက ကျွန်မအတွက် တစ်မူထူးခြားတဲ့ ခရစ္စမတ်ပါပဲ" လို့ ဆိုပါတယ်။ ပက်ဂီဟာ အာကာသထဲရောက် အသက်အကြီးဆုံး အမျိုးသမီး အာကာသယာဉ်မှူးလည်းဖြစ်ပြီး လက်ရှိမှာ အသက် ၅၇ နှစ်ရှိပြီ ဖြစ်ပါတယ်။


ကမ္ဘာမြေပြင်အထက်က နိုင်ငံတကာအာကာသစခန်းကို ရောက်နေကြတဲ့ အာကာသယာဉ်မှူးတွေက ခရစ္စမတ်အထိမ်းအမှတ် စားသောက်ပွဲကိုလည်း ကိုကိုးဖျော်ရည်ပူနဲ့ ကြက်ဆင်သားအစာသွပ် ပေါင်မုန့်တို့ဖြင့် ပျော်ရွှင်စာ စားသောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
Source & Photo: NASA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ