International News: အင်ဒိုစစ်သွေးကြွတွေက နယူးရီးယားအကြိုမှာ ဓားဖြင့်တိုက်ခိုက်ရန် စီစဉ်ခဲ့

ပါဝါကာတာရှိ ရဲဌာနတစ်ခုကို နယူးရီးယားအကြိုနေ့မှာ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ထားခဲ့ပါတယ်။

play


အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို ထောက်ခံအားပေးတဲ့ အင်ဒိုနီးရှား စစ်သွေးကြွတွေက နယူးရီးယားအကြိုကာလမှာ ဓားများဖြင့် တိုက်ခိုက်ရန် စီစဉ်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ ဓားများသုံးပြီး အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေသူ ၂ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့နဲ့ ပူးပေါင်းကြံစည်နေသူ နောက်ထပ် ၂ ဦး  ပုန်းအောင်နေရာကို ဖော်ထုတ်နိုင်ခဲ့ပြီး ယမန်နေ့ (ဒီဇင်ဘာ ၂၅ ရက်) က စီးနင်းခဲ့ပါတယ်။

အင်ဒိုရဲတပ်ဖွဲ့ စစ်သွေးကြွ ၂ ဦးကို သုတ်သင်


ထိုသို့ စီးနင်းခဲ့ရာမှာ ၎င်းတို့ ၂ ဦးက ရဲအရာရှိတွေကို ဓားများဖြင့် တိုက်ခိုက်ရန်ကြိုးပမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ (ဒီဇင်ဘာ ၂၆ ရက်) ပြောပါတယ်။ အဆိုပါ ၄  ဦးအဖွဲ့ဟာ ပါဝါကာတာရှိ ရဲဌာနတစ်ခုကို နယူးရီးယားအကြိုနေ့မှာ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ထားခဲ့ကြောင်း သိရပါတယ်။

play


အင်ဒိုနီးရှားရဲတပ်ဖွဲ့က အသေခံဗုံးခွဲမှု တိုက်ခိုက်မှုတွေ လုပ်ဆောင်ရန် စီစဉ်နေခဲ့သူ အနည်းဆုံး ၁၄ ဦးကိုလည်း စစ်ဆေးမေးမြန်းခဲ့ကြောင်း ပြောကြားထားပါတယ်။ ဖမ်းဆီးခဲ့သူတွေဟာ ဂျကတာမြို့ရှိ သမ္မတနန်းတော်နဲ့ အခြား ဖော်ပြမထားတဲ့ နေရာတို့မှာ အသေခံဗုံးခွဲ အကြမ်းဖက်တိုက်ခိုက်ရန် ပစ်မှတ်ထား စီစဉ်ထားတယ်လို့ ပါတယ်။

play


အင်ဒိုနီးရှား အထူးရဲတပ်ဖွဲ့က ယခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မယ့် အစီအစဉ် အနည်းဆုံး ၁၅ ခုကို ဖော်ထုတ်ဟန့်တားနိုင်ခဲ့ပြီး အကြမ်းသမားအဖြစ် သံသယရှိသူ ၁၅၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ယခုနှစ် ဇန်နဝါရီလအတွင်းက အိုင်အက်စ်အဖွဲ့က သေနတ်နဲ့ ဗုံးများဖြင့် တိုက်ခိုက်ခဲ့မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ၄ ဦးနဲ့ အရပ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ