International News: ငွေစက္ကူတွေ ပြုတ်ကျပြန့်ကြဲသွားပေမဲ့ စိတ်ကောင်းရှိတဲ့ လမ်းသွားလမ်းလာတွေကြောင့် အကုန်ပြန်ရခဲ့

, updated

စိတ်ကောင်းရှိတဲ့ လမ်းသွားလမ်းလာတွေကြောင့် ငွေစက္ကူတစ်ရွက်မှ မပျောက်ဘဲ ပြန်ရလိုက်ပါတယ်။

Good Samaritans help dog owner to get all money back

အမျိုးသားတစ်ဦးဟာ ဘဏ်တစ်ခုရှေ့က ထွက်အလာမှာ လက်ထဲက ပိုက်ဆံထုတ်ပြုတ်ကျသွားချိန် လေတိုက်ပြီး ပိုက်ဆံတွေတစ်ရွက်ချင်း လွင့်ပါသွားခဲ့ပေမဲ့ စိတ်ကောင်းရှိသူတွေကြောင့် ပိုက်ဆံတစ်ရွက်မှ မပျောက်ခဲ့ပါဘူး။

ခွေးပိုင်ရှင် အမျိုးသားတစ်ဦးဟာ တရုတ်နိုင်ငံ လွိုင်နင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒါလီယန်မြို့ကလေးအတွင်းကနေ ပိုက်ဆံတွေထုတ်လာခဲ့တာ ဖြစ်ပါတယ်။ ဘဏ်ထဲကထွက်လာချိန်မှာ ပိုက်ဆံထုတ်ကတစ်ဖက် သူ့ရဲ့အချစ်တော် ခွေးကလေးကတစ်ဖက် မနိုင်မနင်း ဖြစ်နေခဲ့တာပါ။ လမ်းတစ်ဝက်အရောက်မှာတော့ သူ့ရဲ့ခွေးကလေးဟာ ပွေ့ချီထားတဲ့ လက်ထဲက ခုန်ချလိုက်တာကြောင့် အဆိုပါအမျိုးသားလည်း ဟန်ချက်ပျက်ပြီး ပိုက်ဆံထုတ်ဟာ ပြုတ်ကျသွားခဲ့ပါတယ်။

play

 

ပိုက်ဆံထုတ်ပြုတ်ကျသွားတာနဲ့ တစ်ပြိုင်နက် လေကလည်းပြင်းပြင်းထန်ထန် တိုက်သွားခဲ့လို့ ငွေစက္ကူတွေဟာ တစ်ရွက်ခြင်း လွင့်စင်သွားခဲ့တာဖြစ်ပါတယ်။ လေတိုက်လို့ လွင့်သွားတဲ့ ငွေစက္ကူတွေကို ကူညီကောက်ဖို့အတွက် အဆိုပါအမျိုးသားဟာ ချက်ချင်း အနားကလမ်းသွားလမ်းလာတွေကို အော်ဟစ်အကူအညီတောင်းလိုက်တဲ့အချိန်မှာ အားလုံးက အပြေးရောက်လာကြပြီး ငွေစက္ကူတွေ လိုက်ကောက်ပေးခဲ့ကြပါတယ်။

စိတ်ကောင်းရှိတဲ့ လမ်းသွားလမ်းလာတွေရဲ့ အကူအညီနဲ့ အဆိုပါအမျိုးသားဘဏ်ကထုတ်လာတဲ့ ယွမ်ငွေ နှစ်သောင်းခွဲ (အမေရိကန်ဒေါ်လာ ၃၇၅၀) ဟာ ငွေစက္ကူတစ်ရွက်မှ မပျောက်ဘဲ ပြန်ရခဲ့ကြောင်း သိရပါတယ်။

ှSource : CCTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ