International News: ဗုံးသံသယကြောင့် မော်စကိုမြို့ဘူတာရုံကလူတွေကို အရေးပေါ်ရွှေ့ပြောင်းခဲ့ရ

အမည်မသိသူတစ်ဦးက ဖုန်းဆက်ခြိမ်းခြောက်ခဲ့တာပါ။

play

 

တနင်္လာနေ့ (ဒီဇင်ဘာ ၂၆ ရက်)က ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ရထားဘူတာရုံသုံးခုမှာ ဗုံးသံသယသတင်းကြောင့် ပြည်သူပေါင်း ၃၀၀၀ နီးပါးကို ရဲတွေက အရေးပေါ်ရွှေ့ပြောင်းလိုက်ရပါတယ်။ ဘူတာရုံတွေမှာ ဗုံးထောင်ထားကြောင်း အမည်မသိသူတစ်ဦးက ဖုန်းဆက်ခြိမ်းခြောက်ခဲ့တာပါ။

ရဲတွေက အနံ့ခံနိုင်တဲ့ခွေးတွေကို အသုံးပြုကာ Kazansky ၊ Leningradsky နဲ့ Yaroslavsky ဘူတာရုံတွေမှာ ဗုံးကိုရှာဖွေနေကြပါတယ်။ ဘူတာရုံသုံးခုလုံးဟာ တစ်ခုနဲ့တစ်ခု နီးကပ်နေကြပြီး မော်စကိုမြို့မှာနေထိုင်သူတွေ နေ့စဉ်စီးနင်းနေကြရတဲ့ ဘူတာရုံတွေလည်း ဖြစ်ပါတယ်။

Source : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ