International News: ထိုင်းအစိုရဝက်ဘ်ဆိုက်တွေကို ဆိုက်ဘာတိုက်ခိုက်မှုဖြင့် လူ ၉ ဦးကို ဖမ်းဆီး

အစိုးရဝက်ဘ်ဆိုက်များ hack လုပ်ခံရမှုနဲ့ ဆက်နွယ်ကြောင်း သံသယရှိသူ ၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝေါဆူဝမ်က အတည်ပြုထားပါတယ်။

play


ထိုင်းရဲတပ်ဖွဲ့က အစိုးရဝက်ဘ်ဆိုက်တွေကို hack လုပ်မှုဖြင့် လူ ၉ ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ အဆိုပါ ဟက်ကာတွေက အစိုးရရဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ ပြင်ဆင်မှုတွေကို ဆန့်ကျင်ကန့်ကွက်မှုအဖြစ် အစိုးရဝက်ဘ်ဆိုက်တွေကို hack လုပ်ခဲ့ကြောင်း သံသယရှိထားပါတယ်။

play
ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ်


ထိုင်းစစ်တပ်အစိုးရက တင်သွင်းခဲ့ပြီး လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ဆိုက်ဘာဥပဒေဟာ ပြည်သူတွေရဲ့ အွန်လိုင်းအသုံးပြုမှုကို အစိုးရက ပိုမို စောင့်ကြည့်ခွင့်ပြုထားကြောင်း လူ့အခွင့်အရေးအုပ်စုတွေက ဝေဖန်ထားပါတယ်။ ဆိုက်ဘာဥပဒေကို ကန့်ကွက်မှုအဖြစ် ဟက်ကာတွေက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အစိုးရဝက်ဘ်ဆိုက် ဒါဇင်နဲ့ချီပြီး ရပ်ဆိုင်းသွားခဲ့ပါတယ်။

play
ထိုင်းလွှတ်တော်အစည်းအဝေး


ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကြောင့် အစိုးရဝက်ဘ်ဆိုက်တွေ ယာယီအားဖြင့် အသုံးပြုမရ ဖြစ်ခဲ့ပြီး အနိမ့်ဆုံးအဆင့်သာ ထိခိုက်မှုရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ အစိုးရဝက်ဘ်ဆိုက်များ hack လုပ်ခံရမှုနဲ့ ဆက်နွယ်ကြောင်း သံသယရှိသူ ၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝေါဆူဝမ်က အတည်ပြုထားပါတယ်။

ဖမ်းဆီးခဲ့သူတွေအနက်မှ တစ်ဦးကို ဆိုက်ဘာဥပဒေချိုးဖောက်မှုဖြင့် စွဲချက်တင်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ အခြား ၈ ဦးကိုလည်း ထိန်းသိမ်းထားပြီး ဥပဒေနဲ့အညီ စွဲချက်တင်ရန် ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်က စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အွန်လိုင်းအသုံးပြုမှုတွေကို စောင့်ကြည့်မှုနဲ့ တည်းဖြတ်မှုတွေ ပိုမိုတိုးမြှင့် လုပ်ဆောင်လာခဲ့ပါတယ်။

အထူးသဖြင့် ထိုင်းတော်ဝင်မိသားစုကို ဝေဖန်ပုတ်ခတ်မှုတွေကို ပိုမိုစောင့်ကြည့် ကိုင်တွယ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ဘုရင်စနစ်နဲ့ တော်ဝင်မိသားစုကို စော်ကားမှုဖြင့် စွဲချက်တင်ခံရပါက အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။ ထိုင်းစစ်တပ်က ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီးနောက် အခြေခံဥပဒေ ပြင်ဆင်မှုများလည်း ပြုလုပ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ် ဦးဆောင်တဲ့ စစ်တပ်အစိုးရက ထိုင်းနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ်အတွင်း ကျင်းပပြုလုပ်ပေးသွားမယ်လို့ ကတိပြုထားကြောင်း သိရပါတယ်။
Source & Photo: Reuters

အစိုးရက ပြည်သူတွေ အွန်လိုင်းသုံးတာ စောင့်ကြည့်သင့်လား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ