International News: ဖိလစ်ပိုင်မှာ ဘောက်ဆင်ဒေးနေ့ တိုင်ဖွန်းမုန်တိုင်းကြောင့် ၄ ဦး သေဆုံး

မနီလာမှာ မုန်တိုင်းဝင်ပြီး နောက် ၃၆ နာရီအတွင်း ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်နိုင်ကြောင်း အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။

play


ဖိလစ်ပိုင်နိုင်ငံမှာ အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း တနင်္လာနေ့ (ဒီဇင်ဘာ ၂၆ ရက်) က ဆက်လက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ၈ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။ မုန်တိုင်းကြောင့် လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်းနဲ့ ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ တိုင်ဖွန်းနော့ခ်တင်း တိုက်ခတ်အပြီး မြင်ကွင်း


တိုင်ဖွန်းမုန်တိုင်း နော့ခ်တင်း (Nock-Ten) ဟာ ဒီဇင်ဘာ ၂၅ ရက်နှောင်းပိုင်းမှစပြီး ဖိလစ်ပိုင် အရှေ့ဘက်ကမ်းရိုးတန်းရှိ ကတ်တန်ဒူအန်နက်စ်ကျွန်းကို လေတိုက်နှုန်း တစ်နာရီလျှင် ၁၄၆ မိုင်မှ ၁၅၈ မိုင်အထိဖြင့် ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

play


ထို့နောက် ဖိလစ်ပိုင်အနောက်ဘက် ဒေသတွကို ဆက်လက်ရွှေ့လျားကာ တိုက်ခတ်ခဲ့ပါတယ်။ တိုင်းဖွန်းနော့ခ်တင်းဟာ မနီလာမြို့ကို ဝင်ရောက်စဉ်မှာ အားလျော့သွားပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၇၄ မိုင်ဖြင့် တိုက်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ မနီလာမှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ၊ ဓာတ်အားလိုင်းတိုင်များ လဲပြိုခဲ့ပြီး လူပေါင်း ၃၈၀,၀၀၀ ကျော် နေအိမ်စွန့်ခွာခဲ့ရပါတယ်။

play


အာဏာပိုင်တွေက မနီလာမှာ မုန်တိုင်းဝင်ပြီး နောက် ၃၆ နာရီအတွင်း ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ် ဒါဇင်နဲ့ချီပြီး ပယ်ဖျက်ခဲ့ရသလို ဆိပ်ကမ်းတွေမှာလည်း ကူးတို့သင်္ဘောများ ထွက်ခွာခြင်းမပြုရန် ပိတ်ပင်ထားရတာကြောင့် ခရီးသည် ၁၂,၀၀၀ သောင်တင်ခဲ့ပါတယ်။

play


ဖိလစ်ပိုင်ကို တိုင်ဖွန်းမုန်တိုင်းများ နှစ်စဉ် ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလက အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဟိုင်ယန် တိုက်ခတ်ခဲ့မှုကြောင့် လူပေါင်း ၇,၃၅၀ သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ပြီး မုန်တိုင်းသင့်ဒေသမှ မြို့များ လုံးဝပျက်စီးခဲ့ပါတယ်။
Source & Photo: AFP, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ