International News: ပုလဲဆိပ်ကမ်းကို သွားရောက်မယ့် ဂျပန်ဝန်ကြီးချုပ် ဟာဝိုင်ယီကို ရောက်ရှိ

အဘေးဟာ ဂျပန်လေတပ်က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပုလဲဆိပ်ကမ်းကို ပထမဆုံး သွားရောက်တဲ့ ဂျပန်ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

play


ဂျပန်လေတပ်က အလစ်အငိုက် တိုက်ခိုက်ခဲ့တဲ့ ကမ္ဘာကျော် ပုလဲဆိပ်ကမ်းနေရာကို သွားရောက်မယ့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးဟာ ဒီကနေ့မှာ ဟာဝိုင်ယီကို ရောက်ရှိလာခဲ့ပါတယ်။ အဘေးဟာ ဂျပန်လေတပ်က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပုလဲဆိပ်ကမ်းကို ပထမဆုံး သွားရောက်တဲ့ ဂျပန်ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

ဟာဝိုင်ယီရောက် ဂျပန်ဝန်ကြီးချုပ်


အဘေးဟာ ဟာဝိုင်ယီကိုရောက်ရှိစဉ် ဟိုနိုလူလူရှိ ဂူသင်္ချိုင်းမှာလည်း လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ပါတယ်။ အဘေးဟာ အမေရိကန်သမ္မတ ဘာရတ် အိုဘားမားနဲ့အတူ ပုလဲဆိပ်ကမ်းကို သွားရောက်မှာ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ဟာဝိုင်ယီမှာ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားတာလည်း ဖြစ်ပါတယ်။

play
ဟာဝိုင်ယီမှ အထိမ်းအမှတ် ဂူဗိမာန်တွင် လွမ်းသူ့ပန်းခွေချနေသည့် ဂျပန်ဝန်ကြီးချုပ်


ဒုတိယကမ္ဘာစစ်ကာလအတွင်း ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှာ ဂျပန်က အမေရိကန်ရေတပ် အခြေစိုက်စခန်းတည်ရှိရာ ပုလဲဆိပ်ကမ်းကို လေကြောင်းမှ အလစ်အငိုက် တိုက်ခိုက်ခဲ့မှုကြောင့် အမေရိကန်စစ်သား ၂,၃၀၀ သေဆုံးခဲ့ပါတယ်။

play
ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှု


ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က ဂျပန်ကို အဏုမြူဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီးနောက် ဒုတိယကမ္ဘာစစ်ဟာလည်း ၁၉၄၅ ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။
Source & Photo: Ruters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ