International News: ခရီးသည် ၁၅၀ ကျော် လိုက်ပါလာတဲ့ အိန္ဒိယလေယာဉ်တစ်စီး ပြေးလမ်းချော်မှုဖြစ်ပွား

၃၆၀ ဒီဂရီ တစ်ပတ်လည်သွားခဲ့တယ်လို့လည်း သိရပါတယ်။

play

 

ဒီကနေ့မနက် အစောပိုင်းက အိန္ဒိယနိုင်ငံ ဂိုအာမြို့ရှိ Dabolim လေဆိပ်မှာ ခရီးသည် ၁၅၄ ဦး၊ လေယာဉ်ဝန်ထမ်း ၇ ဦး လိုက်ပါလာတဲ့ လေယာဉ်တစ်စီး ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ပါတယ်။ ဂိုအာကနေ မွမ်ဘိုင်းကိုသွားမယ့် Jet လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် 9W 2374 ဟာ နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ကြောင့် ပြေးလမ်းကနေ အတက်မှာ လမ်းချော်ပြီး ဘေးကိုထိုးဆင်းသွားခဲ့တာပါ။ လေယာဉ်ဟာ ၃၆၀ ဒီဂရီ တစ်ပတ်လည်သွားခဲ့တယ်လို့လည်း သိရပါတယ်။

play

 

လေယာဉ်ပေါ်က ခရီးသည်တွေနဲ့ ဝန်ထမ်းတွေကို ရွှေ့ပြောင်းဖယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒဏ်ရာအနည်းအကျဉ်းရသူတွေ ရှိပေမဲ့ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ လေကြောင်းမတော်တဆမှုစုံစမ်းရေးဗျူရို (AAIB) ကလည်း Jet လေကြောင်းလိုင်းကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။

Source : TOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ