International News: နျူလက်နက်တင်ဆောင်နိုင်တဲ့ ဒုံးကျည်ကို အိန္ဒိယစမ်းသပ်ပစ်လွှတ်

ပထမဆုံးစမ်းသပ်မှုကိုတော့ ၂၀၁၂ ခုနှစ်က စတင်ပြုလုပ်ခဲ့တာပါ။

play
၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့က ပြုလုပ်တဲ့ စစ်ရေးပြပွဲတစ်ခု၌ Agni-V ဒုံးကျည်အား ပြသခဲ့စဉ်

 

နျူကလီးယားလက်နက် သယ်ဆောင်နိုင်တဲ့ ဒုံးကျည်ကို အိန္ဒိယနိုင်ငံက တနင်္လာနေ့မှာအောင်မြင်စွာစမ်းသပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီစမ်းသပ်မှုဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းဖြစ်ဒုံးကျည်တွေ ပြုလုပ်နိုင်တဲ့အင်အား ပိုမိုတောင့်တင်းလာတယ်ဆိုတာ ပြသရာရောက်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

 

Agni-V ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ခြင်းဟာ အိန္ဒိယနိုင်ငံသားတိုင်းအတွက် ဂုဏ်ယူစရာဖြစ်စေပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ကာကွယ်ရေးနည်းဗျူဟာတွေအပေါ် အလွန်တရာကြီးမားတဲ့ ကြံ့ခိုင်စေမှုပါပဲ" လို့ အိန္ဒိယဝန်ကြီးချုပ် နီရန်ဒရာမိုဒီက တွစ်တာပေါ်မှာ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

အိန္ဒိယအနေနဲ့ နျူလက်နက်တင်ဆောင်နိုင်တဲ့ဒုံးကျည်စမ်းသပ်မှုဟာ ယခုအကြိမ်နဲ့ဆိုရင် လေးကြိမ်မြောက် စမ်းသပ်အောင်မြင်တာလည်းဖြစ်ပါတယ်။ ပထမဆုံးစမ်းသပ်မှုကိုတော့ ၂၀၁၂ ခုနှစ်က စတင်ပြုလုပ်ခဲ့တာပါ။

Source : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ