International News: ဖေ့စ်ဘွတ်ပို့စ်ကြောင့် ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် ထောင် ၅ နှစ်ချမှတ်ခံရ

ဆိမ်ရိမ်ဆီကို ပြစ်ဒဏ်ချမှတ်မှုဟာ အစိုးရနဲ့မဟာမိတ်တွေက ၂၀၁၈ အထွေထွေရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးအရ ခြိမ်းခြောက်မှုဖြစ်ကြောင်း အတိုက်အခံတွေက ဝေဖန်လိုက်ပါတယ်။ 

play
ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ဆိမ်ရိမ်ဆီ


ကမ္ဘောဒီးယား ပြည်ပြေး အတိုက်အခံခေါင်းဆောင် ဆမ်ရိမ်ဆီကို ဖေ့စ်ဘွတ်ပို့စ်တင်မှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၅ နှစ် မျက်ကွယ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရပါတယ်။ ဆမ်ရိမ်ဆီက ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နှစ်နိုင်ငံကြား နယ်စပ်ဆိုင်ရာ သဘောတူညီချက်ကို ဖျက်သိမ်းသွားမယ်လို့ အစိုးရက ကတိပြုကြောင်းကို ဖေ့စ်ဘွတ်မှာ ပို့စ်တင်ခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ဆမ်ရိမ်ဆီ လူထုဟောပြောပွဲ


ဆိမ်ရိမ်ဆီရဲ့ပြစ်ဒဏ်ကို ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီနဲ့ အတိုက်အခံပါတီ Cambodia National Rescue Party (CNRP) ပါတီတို့ကြား တင်းမာမှုဖြစ်ပေါ်ခဲ့ပြီး လအတန်ကြာမှာ ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဖနွမ်ပင် မြူနီစပယ်တရားရုံးက အတိုက်အခံခေါင်းဆောင် ဆမ်ရိမ်ဆီနဲ့ ၎င်းရဲ့ ဆိုရှယ်မီဒီယာအဖွဲ့ဝင် ၂ ဦးဟာ ၁၉၇၉ ခုနှစ် ဗီယက်နမ်နဲ့ နယ်စပ်သဘောတူညီချက်ကို ဖျက်သိမ်းမယ့်အကြောင်း မှားယွင်းသတင်းကို ဖေ့စ်ဘွတ်မှာ လွှင့်တင်ခဲ့မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

play
ဖနွမ်ပင်လူထုဟောပြောပွဲတစ်ခုတွင် တွေ့ရသည့် ဆိမ်ရိမ်ဆီ


အတိုက်အခံခေါင်းဆောင်နဲ့ ၎င်းရဲ့ဆိုရှယ်မီဒီယာအဖွဲ့ဝင်တွေကို မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အတိုက်အခံခေါင်းဆောင် ဆမ်ရိမ်ဆီဟာ အသေဖျက်မှုစွဲချက်ဖြင့် ဖမ်းဆီးခံရမယ့်အရေးမှ ရှောင်တိမ်းနိုင်ရန် ၂၀၁၅ ခုနှစ်မှာ ပြင်သစ်ကို သွားရောက်နေထိုင်ခဲ့ပါတယ်။

ဆိမ်ရိမ်ဆီကို ပြစ်ဒဏ်ချမှတ်မှုဟာ အစိုးရနဲ့မဟာမိတ်တွေက ၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးအရ ခြိမ်းခြောက်မှုဖြစ်ကြောင်း အတိုက်အခံ အဖွဲ့ဝင်တွေက ဝေဖန်ပြောကြားခဲ့ပါတယ်။ 

play
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်


ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ကမ္ဘောဒီးယားခေါင်းဆောင်အဖြစ် ဆယ်စုနှစ် ၃ ခုကြာ အာဏာချုပ်ကိုင်ခဲ့ပေမဲ့ ၂၀၁၃ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံ CNRP ပါတီက လွှတ်တော်မှာ အမတ်နေရာ ၅၅ အနိုင်ရခဲ့ပြီးနောက် ၎င်းရဲ့အာဏာချုပ်ကိုင်မှုကို လှုပ်ခတ်လာစေခဲ့ပါတယ်။

အဆိုပါ ရွေးကောက်ပွဲပြီးနောက် ကမ္ဘောဒီးယားလွှတ်တော်ရဲ့ အမတ်နေရာ ၁၂၃ နေရာအနက် ဟွန်ဆန်ရဲ့ပါတီက ၆၈ နေရာနဲ့ အတိုက်အခံပါတီက ၅၅ နေရာ ရရှိလာခဲ့ပြီး လွှတ်တော်ကိုထိန်းချုပ်နိုင်မှု ကွာဟာချက် ကျဉ်းမြောင်းလာခဲ့ပါတယ်။
Source & Photo: Ruters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ