International News: အင်ဒိုမှာ အနုကြမ်းစီးလုယက်မှုအတွင်း ပိတ်လှောင်ခံရသူများ သေဆုံး

ပိတ်လှောင်ခံရသူတွေကို ယနေ့ မနက်အစောပိုင်းကျမှသာ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။

play


အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အနုကြမ်းစီးလုယက်မှုအတွင်း ပိတ်လှောင်ခံထားရသူများ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဂျကာတာမြို့ရှိ နေအိမ်တစ်လုံးကို အနုကြမ်းစီးလုယက်စဉ် လုယက်သူများက အိမ်မှာရှိနေသူတွေကို ရေချိုးခန်းအတွင်း ပိတ်လှောင်ထားခဲ့ရာမှာ အသက်ရှူမွန်းကျပ် သေဆုံးခဲ့တာဖြစ်ပါတယ်။

play


သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ယနေ့ (ဒီဇင်ဘာ ၂၇ ရက်) မှာ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးလည်း ပါဝင်ကြောင်း သိရပါတယ်။ လူဦးရေ ၁၀ သန်း နေထိုင်ကြတဲ့ ဂျကာတာမှာ မှုခင်းအသေးအဖွဲများ ဖြစ်ပွားလေ့ရှိပေမဲ့ ယခုကဲ့သို့ လက်နက်ကိုင် အနုကြမ်းစီးလုယက်မှု ဖြစ်လေ့မရှိဘူးလို့ ဆိုပါတယ်။

play


အနုကြမ်းစီးလုယက်သူ ၄ ဦးက ချမ်းသာကြွယ်ဝသူများ နေထိုင်ကြတဲ့ ဂျကာတာမြို့အရှေ့ပိုင်း ပူလိုမတ်စ်ရှိ နေအိမ်ကို တနင်္လာနေ့ (ဒီဇင်ဘာ ၂၆ ရက်) က ဝင်ရောက်အနုကြမ်းစီးခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့က နေအိမ်မှာရှိနေတဲ့ မိသားစုဝင်များ၊ အိမ်အကူများနဲ့ ယာဉ်မောင်းများ အပါအဝင် လူ ၁၁ ဦးကို ရေချိုးခန်းအတွင်း သော့ခတ်ပိတ်လှောင်ထားခဲ့ပါတယ်။

ပိတ်လှောင်ခံရသူတွေကို ယနေ့ မနက်အစောပိုင်းကျမှသာ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး ၆ ဦးမှာ အသက်ရှူမွန်းကျပ်မှုကြောင့် သေဆုံးခဲ့ကြောင်း ဂျကာတာရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် အာဂိုယူဝိုနိုက ပြောပါတယ်။

အနုကြမ်းစီးသူတွေဟာ သေနတ်နဲ့ ဓားများ ကိုင်ဆောင်ထားခဲ့ကြောင်းလည်း မျက်မြင်တွေမေးမြန်းမှုကို ကိုးကားပြီး ၎င်းက ဆက်လက် ပြောပါတယ်။ ရေချိုးခန်းအတွင်း ပိတ်လှောင်ခံရပြီး အသက်ရှင်ကျန်ရစ်သူ ၅ ဦးဟာလည်း အရေးပေါ် အခြေအနေဖြစ်ခဲ့ပြီး ဆေးရုံသို့တင်ပို့ထားရကြောင်း သိရပါတယ်။
Source & Photo: The Jakarta Post, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ