International News: အလန်းစားဖိတ်ခေါ်မှုကြောင့် ဆယ်ကျော်သက်လေးရဲ့မွေးနေ့ပွဲကို လူထောင်ပေါင်းများစွာတက်ရောက်

လူအရမ်းများလို့ ရဲတွေကတောင် လုံခြုံရေးယူပေးခဲ့ရတဲ့အထိပါပဲ။

play

 

မက္ကဆီကိုနိုင်ငံက ဆယ်ကျော်သက် ကောင်မလေးတစ်ဦးရဲ့ မွေးနေ့ပွဲဟာ ဖေ့စ်ဘွတ်ပေါ်မှာ နာမည်ကြီးပြီးနောက် လူပေါင်းများစွာ လာရောက်ခဲ့ကြပါတယ်။ ရူဘီ အီဘာရာ ဂါစီယာလို့ ခေါ်တဲ့ ကောင်မလေးရဲ့ မိဘတွေက သမီးဖြစ်သူရဲ့မွေးနေ့ကိုလာရောက်ဖို့ ဗီဒီယိုတစ်ခုနဲ့ ဖိတ်ကြားခဲ့တဲ့အပေါ် လူတွေက စိတ်ဝင်စားခဲ့ကြပါတယ်။

မွေးနေ့ပွဲမှာ ဖျော်ဖြေမယ့်တီးဝိုင်း၊ အစားအသောက်နဲ့ မြင်းပြိုင်ပွဲတွေ ပါဝင်မယ့်အကြောင်း ဗီဒီယိုထဲမှာ ပြောထားပြီး အားလုံးကိုဖိတ်ကြားပါတယ်လို့လည်း ဆိုထားခဲ့ပါတယ်။ မြင်းစီးပြိုင်ပွဲမှာ အနိုင်ရရင် ပီဆိုးတစ်သောင်း (ဒေါ်လာ ၄၉၀ ဝန်းကျင်) ပေးမယ်လို့လည်း ဆိုထားလို့ လူပေါင်း ၁ သန်းကျော်က တက်ရောက်လိုကြောင်း ပြောခဲ့ကြပါတယ်။

play

 

ရူဘီရဲ့ ၁၅ နှစ်ပြည့် မွေးနေ့ပွဲကို ဒီဇင်ဘာ ၂၆ ရက်က ရွာငယ်လေးတစ်ခုမှာ ပြုလုပ်ခဲ့ပါတယ်။ ထင်မှတ်မထားလောက်အောင်ပဲ လူတွေမြောက်များစွာ တက်ရောက်ခဲ့လို့ ပွဲက ကြိတ်ကြိတ်တိုး စည်ကားသွားခဲ့ရပါတယ်။ မီဒီယာတွေကလည်း သတင်းလာယူကြပြီး ရေးသားဖော်ပြနေကြလို့ ရူဘီရဲ့မွေးနေ့ပွဲဟာ အွန်လိုင်းမှာ လူစိတ်ဝင်စားခံနေရပါတယ်။

Source : BBC, Daily Mail

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ