International News: ပါကစ္စတန်မှာ အရက်အဆိပ်သင့်ပြီး ၃၂ ဦး သေဆုံး

, updated

ပါကစ္စတန်မှာ အရက်နဲ့ပတ်သက်ပြီး ထိန်းချုပ်မှုတွေရှိနေရာ လူအများအပြားက နေအိမ်တွေမှာ တရားမဝင် အရက်ချက်လုပ် ရောင်းချလေ့ရှိပါတယ်။

play


ပါကစ္စတန်နိုင်ငံမှာ ခရစ္စမတ်နေ့က အဆိပ်သင့်အရက်သောက်မိပြီး အနည်းဆုံး လူ ၃၂ ဦး သေဆုံးကာ အခြား ဒါဇင်နဲ့ချီတဲ့လူများ အပြင်းအထန် နေမကောင်းဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပန်ဂျပ်ပြည်နယ် တိုဘာတက်ခ်ဆင်းဂ်မြို့မှာ အဆိပ်သင့်အရက် သောက်မိခဲ့တဲ့ ခရစ်ယာန် ၃၀ ဦးနဲ့ မွတ်စလင်မ် ၂ ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်အာဏာပိုင်တွေက ပြောပါတယ်။

play


ပါကစ္စတန်မှာ မွတ်စလင်မ်များ အရက်ဝယ်ယူသောက်သုံးမှုကို တားမြစ်ပိတ်ပင်ထားပြီး အခြားလူနည်းစုတွေကိုလည်း ခွင့်ပြုချက်ပါမှသာ ဝယ်ယူနိုင်တာ ဖြစ်ပါတယ်။ ပါကစ္စတန်မှာ ယခုနှစ် အောက်တိုဘာလအတွင်းလည်း ပန်ဂျပ်ပြည်နယ်မှာပင် အရက်အဆိပ်သင့်မှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။

play


ခရစ္စမတ်နေ့ ညပိုင်းက တိုဘာတက်ခ်ဆင်းဂ်မှာ အဆိပ်သင့်အရက် သောက်မိခဲ့သူ ၄၀ ကို ဆေးရုံတင်ခဲ့ရကြောင်း ရဲတပ်ဖွဲ့အရာရှိ မိုဟမ်မက်နဒီးမ်က ဘီဘီစီသတင်းဌာနကို ပြောပါတယ်။ တိုဘာတက်ခ်ဆင်းဂ်မှာာ ဒီဇင်ဘာ ၂၅ ရက် ညပိုင်းက အရက်သောက်ခဲ့ကြတဲ့ ခရစ်ယာန်အမျိုးသားတွေဟာ နောက်တစ်နေ့မှာ အိပ်ရာမှမထနိုင်ဖြစ်ပြီး အပြင်းအထန် နေမကောင်းဖြစ်ခဲ့ပါတယ်။

အဆိုပါမြို့မှာ နေထိုင်တဲ့ မွတ်စလင်မ် အမျိုသားနှစ်ဦးလည်း ခရစ္စမတ်ပါတီပွဲအတွက် အရက်ဝယ်ယူခဲ့တယ်လို့ ရဲအရာရှိက ဆိုပါတယ်။ အရက်ရောင်းချတဲ့ ဆိုင်တွေမှာ ပစ္စည်းပြတ်သွားခဲ့တာကြောင့် ၎င်းတို့နှစ်ဦးက အခြားနေရာမှ ဝယ်သောက်ခဲ့ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က အရက်ချက်လုပ်ရောင်းချခဲ့တဲ့ နေရာကိုသိရှိနိုင်ရန် ဒေသခံတွေကို စစ်ဆေးမေးမြန်းနေကြောင်း သိရပါတယ်။

ပါကစ္စတန်မှာ အရက်နဲ့ပတ်သက်ပြီး ထိန်းချုပ်မှုတွေရှိနေရာ နေအိမ်တွေမှာ တရားမဝင် အရက်ချက်လုပ် ရောင်းချလေ့ရှိပါတယ်။ နေအိမ်မှာချက်လုပ်တဲ့ အရက်များသောက်မိရာမှ အဆိပ်သင့်မှုကြောင့် ယခင်ကလည်း သေဆုံးမှုတွေ ဖြစ်ခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်အတွင်း အရက်အဆိပ်သင့်ပြီး လူ ၄၀ သေဆုံးခဲ့ကြောင်း သိရပါတယ်။
Source & Photo: NDTV, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ