International News: ခရစ္စမတ်ည အမှိုက်ဖွခဲ့သူတွေကြောင့် သြစတြေးလျကမ်းခြေမှာ အရက်သောက်မှု ပိတ်ပင်

အရက်သောက်မှု တားမြစ်ပိတ်ပင်လိုက်ခြင်းကို အချို့က ဝေဖန်ကန့်ကွက်ခဲ့ကြပေမဲ့ အများစုကတော့ သဘောတူကြောင်း ဆိုရှယ်မီဒီယာမှာ ပြောခဲ့ပါတယ်။

play
ခရစ္စမတ်နေ့က ကူဂျီကမ်းခြေမှာ လူအများအပြားဖြင့် စည်းကားစွာတွေ့ရစဉ်


သြစတြေးလျနိုင်ငံ ဆစ်ဒနေမြို့ရှိ ကျော်ကြားတဲ့ ကမ်းခြေတစ်ခုမှာ ခရစ္စမတ်နေ့ပြီးနောက် နွေရာသီကာလအတွင်း အရက်သောက်မှုကို တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။

play
ကမ်းခြေမှာ စည်းကမ်းမဲ့စွန့်ပစ်ခဲ့သည့် အမှိုက်များ


ဆစ်နေဒရှိ ကူဂျီကမ်းခြေမှာ လူအများအပြားက ခရစ္စမတ်ပါတီပွဲ ဆင်နွှဲခဲ့ကြပြီးနောက် အမှိုက်သရိုက် ၁၅ တန်အထိ ကျန်ရှိနေခဲ့ရာ အာဏာပိုင်တွေက နွေရာသီကာလအတွင်း အဆိုပါကမ်းခြေမှာ အရက်သောက်မှုကို တားမြစ်ပတ်ပင်လိုက်တာ ဖြစ်ပါတယ်။


ခရစ္စမတ်နေ့က ကူဂျီကမ်းခြေကို လူ ၁၀,၀၀၀ ကျော် လာရောက်ခဲ့ကြပြီးနောက် အရက်ပုလင်းများ၊ စီးကရက်ဘူးခွံများနဲ့ အခြား အမှိုက်သရိုက် ချန်ထားခဲ့ကြပါတယ်။ ကမ်းခြေကိုလာရောက်သူတွေရဲ့ စည်းကမ်းမဲ့မှုကြောင့် ရန်ဝစ်ခ်မြို့ကောင်စီက ယခု တားမြစ်ပိတ်ပင်မှုကို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

play
ခရစ္စမတ်နေ့အပြီး အမှိုက်များ ပြန့်ကျဲနေသည့် ကူဂျီကမ်းခြေ


သြစတြေးလျမှာ ပုံမှန်အားဖြင့် ဒီဇင်ဘာမှ ဖေဖေါ်ဝါရီလအထိကို နွေရာသီကာလအဖြစ် သတ်မှတ်ထားပါတယ်။ စည်းကမ်းမဲ့သူအချို့ကြောင့် အခုလို တားမြစ်ပိတ်ပင်မှု ထုတ်ပြန်ရတဲ့အတွက် စိတ်ပျက်မိကြောင်း ရန်ဝစ်ခ်မြို့ အုပ်ချုပ်ရေးမှူးက ၎င်းရဲ့ဖေ့စ်ဘွတ်မှာ ပြောကြားထားပါတယ်။

play


နွေရာသီကာလအတွင်း ကူဂျီကမ်းခြေမှာ အရက်သောက်မှု တားမြစ်ပိတ်ပင်လိုက်ခြင်းကို အချို့က ဝေဖန်ကန့်ကွက်ခဲ့ကြပေမဲ့ အများစုကတော့ သဘောတူကြောင်း ဆိုရှယ်မီဒီယာမှာ ပြောကြားမှုတွေ ရှိခဲ့ပါတယ်။ ကူဂျီကမ်းခြေမှာ အရက်သောက်မှုကို ဒီဇင်ဘာ ၂၉ ရက်မှစပြီး နွေရာသီကုန်ဆုံးချိန်အထိ တားမြစ်ပိတ်ပင်ထားမှာဖြစ်ကြောင်း သိရပါတယ်။
Source & Photo: abc.net.au, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ