International News: ပလတ်စတစ်ဇလုံထဲမှာသာ နေထိုင်ရတဲ့ကောင်မလေး သေဆုံး

အသက်အရွယ်သာ ကြီးလာပေမဲ့ ခြေတွေလက်တွေက ဆက်ပြီးကြီးထွားမလာတော့ပါဘူး။

play

 

နိုင်ဂျီးရီးယားနိုင်ငံက အမျိုးသမီးလေးတစ်ဦးဟာ ခြေလက်အင်္ဂါတွေ ပုံမမှန်ဖြစ်လို့ ပလတ်စတစ်ဇလုံထဲမှာသာ နေထိုင်လာခဲ့ရင်း အသက် ၁၉ နှစ် အရွယ်မှာ သေဆုံးသွားခဲ့ပါပြီ။ ရက်မာ ဟရန်နာ အမည်ရှိ မိန်းမငယ်လေးရဲ့ သနားစရာဘဝအကြောင်းကို ယခင်တည်းက သတင်းတွေမှာ ဖော်ပြခဲ့ကြဖူးပါတယ်။

play

 

သူမရဲ့အသက် ၆ လ အရွယ်မှာပဲ ထူးထူးဆန်းဆန်း နေမကောင်းဖြစ်ခဲ့ပြီးနောက် ခြေတွေလက်တွေက အသုံးပြုလို့မရတော့တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ အသက်အရွယ်သာ ကြီးလာပေမဲ့ ခြေတွေလက်တွေက ဆက်ပြီးကြီးထွားမလာတော့ပါဘူး။ ယခုနှစ်စပိုင်းက သူမရဲ့မိခင်ဟာ ဟရန်နာကို ကုသပေးနိုင်မယ့် ဆေးပညာရှင်ကို ရှာဖွေရာကနေ မီဒီယာတွေကြားမှာ ပျံ့နှံ့သွားခဲ့တာပါ။

play

 

သနားစရာကောင်းလှတဲ့ မိန်းမပျိုလေးဟာ ခရစ္စမတ်ညမှာပဲ လူ့လောကကို ကျောခိုင်းထွက်ခွာသွားခဲ့ရပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ