play


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးနဲ့ အမေရိကန်သမ္မတ ဘာရတ် အိုဘားမားတို့ဟာ ပုလဲဆိပ်မ်းကို ဒီဇင်ဘာ ၂၇ ရက်က အတူတကွသွားရောက်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်က အလစ်အငိုက် တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သူများ အထိမ်းအမှတ်နေရာမှာ ပန်းခွေချအလေးပြုခဲ့ကြပါတယ်။

အဘေးနဲ့အိုဘားမား ပုလဲဆိပ်ကမ်းမှာ ပန်းခွေချ


၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှာ ဂျပန်နိုင်ငံက အမေရိကန်စစ်အခြေစိုက်စခန်း တည်ရှိရာ ပုလဲဆိပ်ကမ်းကို လေကြောင်းမှ အလစ်အငိုက် တိုက်ခိုက်ခဲ့မှုကြောင့် အမေရိကန်စစ်သား ၂,၄၀၀ ကျော် သေဆုံးခဲ့ပြီး လေယာဉ်တင်စစ်သင်္ဘော USS Arizona ပျက်စီးခဲ့ပါတယ်။

play


ဝန်ကြီးချုပ်အဘေးဟာ ဒုတိယကမ္ဘာစစ်အတွင်းက အဆိုပါ တိုက်ခိုက်မှုအပြီး ပုလဲဆိပ်ကမ်းကို လာရောက်တဲ့ ပထမဆုံး ဂျပန်ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဂျပန်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမေရိကန်ကလည်း ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့နဲ့ နာဂါစကီမြို့တို့ကို နျူကလီးယားဗုံးနှစ်လုံး ကြဲချကာလက်တုံ့ပြန်ခဲ့ပြီးနောက် ဒုတိယကမ္ဘာစစ်လည်း ပြီးဆုံးခဲ့ပါတယ်။

play


ယခုနှစ်အတွင်း သမ္မတအိုဘားမားက ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။ အဘေးဟာ ပုလဲဆိပ်ကမ်းကို အိုဘားမားနဲ့အတူ မသွားရောက်မီ ဟာဝိုင်ယီရှိ အထိမ်းအမှတ် ဂူဗိမာန်မှာလည်း ပန်းခွေချအလေးပြုခဲ့ပါတယ်။

အိုဘားမားနဲ့ အဘေးတို့ဟာ အိုဘားမားရဲ့သမ္မတသက်တမ်း မကုန်ဆုံးမီ နိုင်ငံခေါင်းဆောင်များအဖြစ် ဟိုနိုလူလူမှာ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေနွေးခဲ့ကြကြောင်းလည်း သိရပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video