International News: ဒေါ်လာ သန်း ၁၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါး စံချိန်တင်ပမာဏ ဖိလစ်ပိုင်မှာ ဖမ်းမိ

, updated

သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးပမာဏဟာ ယခုနှစ်အတွင်းသာမက ဖိလစ်ပိုင်နိုင်ငံ သမိုင်းကြောင်းမှာ အကြီးမားဆုံး ဖြစ်ပါတယ်။

play


ဖိလစ်ပိုင်နိုင်ငံမှာ ယခုလအတွင်း ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး စီနင်းမှုများအတွင်း မူးယစ်ဆေးဝါး စံချိန်တင် အများဆုံပမာဏကို သိမ်းဆည်းရမိခဲ့ကြောင်း တရားစီရင်ရေးဝန်ကြီးဌာနက ယမန်နေ့က ပြောပါတယ်။ ဒီဇင်ဘာ ၂၆ ရက်က မနီလာမြို့တော် ဧရိယာအတွင်းရှိ စန်ဂျူအန်မြို့မှာ ဖိလစ်ပိုင်ထောက်လှမ်းရေးတွေက စီးနင်းခဲ့မှုအတွင်း မက်သာဖက်တမင်း မူးယစ်ဆေးများ သိမ်းဆည်းရမိခဲ့ပါတယ်။

play


ပြီးခဲ့တဲ့ သောကြာနေ့ (ဒီဇင်ဘာ ၂၃ ရက်) က အဆိုပါမြို့မှာပင် ပြုလုပ်ခဲ့တဲ့ စီးနင်းမှုအတွင်းမှာလည်း လူ ၆ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့နဲ့အတူ အမေရိကန်ဒေါ်လာ ၅၇ သန်း တန်ဖိုးရှိ မက်သဖက်တမင်း မူးယစ်ဆေးဝါးပမာဏ ပေါင်ချိန် ၁,၂၀၀ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

play


ယခု သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးပမာဏဟာ ယခုနှစ်အတွင်းသာမက ဖိလစ်ပိုင်နိုင်ငံ သမိုင်းကြောင်းမှာ အကြီးမားဆုံးဖြစ်ကြောင်း တရားစီရင်ရေးဝန်ကြီး ဗစ်တာလီယာနို အဂူရီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မက်သာဖက်တမင်း မူးယစ်ဆေးဝါးများ စံချိန်တင် အများဆုံးပမာဏ သိမ်းဆည်ရမိခဲ့တဲ့ စီးနင်းမှုအတွင်း တရုတ်လူမျိုးတစ်ဦး ငှားရမ်းနေထိုင်တဲ့ တိုက်ခန်းတစ်ခန်းလည်း ပါဝင်ခဲ့ကြောင်း ဖိလစ်ပိုင်ထောက်လှမ်းရေးက ဆိုပါတယ်။ ဖိလစ်ပိုင်မှာ သမ္မတဒူတာတေး အာဏာရလာပြီးနောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို စစ်ပွဲအသွင် ဆောင်ရွက်နေပါတယ်။

သမ္မတဒူတာတေး စတင်တာဝန်ယူခဲ့တဲ့ ယခုနှစ် ဇူလိုင်လမှစပြီး လက်ရှိအချိန်အထိ ၎င်းရဲ့ ရက်စက်ကြမ်းတမ်းပြီး ဝေဖန်မှုတွေရှိခဲ့တဲ့ မူးယစ်စစ်ပွဲအတွင်း လူပေါင်း ၆,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ဒူတာတေးက ရဲတပ်ဖွဲ့အပြင် အခြား မူးယစ်ဆေးဝါး နှိမ်နင်းသူတွေကိုပါ အသေပစ်သတ်ခွင့်ပြုထားမှုကိုလည်း ဝေဖန်ခဲ့ကြပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ