International News: တောင်ကိုရီးယားပင်စင်လုပ်ငန်း အကြီးအကဲကို အထူးစုံစမ်းရေးက ဖမ်းဆီးထိန်းသိမ်း

, updated

အာဏာအလွဲသုံးမှုဖြင့် သံသယရှိတာကြောင့် ပင်စင်လုပ်ငန်း အကြီးအကဲရဲ့နေအိမ်ကို စီးနင်းရှာဖွေခဲ့ပါတယ်။

play
NPS ဥက္ကဋ္ဌ မွန်ဟွန်ဖြိုး


တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးကို ရာထူးနေရာကို လှုပ်ခတ်မှုဖြစ်စေတဲ့ အကျင့်ပျက်ခြစားမှု အရှုပ်အထွေးကို စုံစမ်းစစ်ဆေးနေတဲ့ အထူးစုံစမ်းရေးအဖွဲ့က နိုင်ငံရဲ့ ပင်စင်လုပ်ငန်း National Pension Service (NPS) အကြီးအကဲကို အရေးပေါ်ဆိုင်ရာ ထိန်းသိမ်းမှုအရ ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) မနက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

play


NPS ဥက္ကဋ္ဌ မွန်ဟွန်ဖြိုးကို ထိန်းသိမ်းခဲ့မှုနဲ့ ပတ်သက်ပြီး အထူးစုံစမ်းရေးအဖွဲ့ရုံးက အသေးစိတ် ပြောကြားခြင်း မရှိသေးပါဘူး။ သို့သော် တနင်္လာနေ့ (ဒီဇင်ဘာ ၂၆ ရက်) က အာဏာအလွဲသုံးမှုဖြင့် သံသယရှိတာကြောင့် ၎င်းရဲ့နေအိမ်ကို စီးနင်းရှာဖွေခဲ့ကြောင်း သိရပါတယ်။

play
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး


မွန်ဟွန်ဖြိုးအနေနဲ့ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့စဉ် ယမန်နှစ်အတွင်းက အမေရိကန်ဒေါ်လာ ၈ ဘီလီယံ တန်ကြေးရှိ ဆမ်းဆောင်းအုပ်စုအောက်မှ အဖွဲ့အစည်းနှစ်ခု ပေါင်းစည်းမှုကို ထောက်ပံ့ပေးရန် NPS ကို ဖိအားပေးခဲ့ခြင်းရှိ မရှိ စုံစမ်းရေးမှူးတွေက စုံစမ်းစစ်ဆေးနေပါတယ်။ NPS မှာ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန လက်အောက်ခံလုပ်ငန်းလည်း ဖြစ်ပါတယ်။

play
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး နုတ်ထွက်ရန် ဆန္ဒပြမှု


အဖွဲ့အစည်းနှစ်ခု ပေါင်းစည်းလိုက်ခြင်းဖြင့် ဆမ်ဆောင်းတည်ထောင်တဲ့ မိသားစုအတွက် ထိန်းချုပ်နိုင်မှု ပိုမို အားကောင်းစေခဲ့ကြောင်း ရင်းနှီးမြှုပ်နှံသူအချို့က ဝေဖန်ထားပါတယ်။

ထို့အတူ သမ္မတပတ်ဂွန်ဟေးရဲ့ သူငယ်ချင်းဖြစ်သူ ချိုဆွန်ဆေးလ်ရဲ့ ဖောင်ဒေးရှင်းတွေကို ဆမ်ဆောင်းက ထောက်ပံ့ပေးခဲ့မှုဟာ NPS က အဖွဲ့အစည်းနှစ်ခု ပေါင်းစည်းရေး ထောက်ပံ့မှုနဲ့ ဆက်နွှယ်နေနိုင်ကြောင်းလည်း အထူးစုံစမ်းရေးအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။

သမ္မတပတ်ဂွန်ဟေးဟာ သူငယ်ချင်းကို နိုင်ငံရေးမှာ စွက်ဖက်ခွင့်ပြုခဲ့ရာမှ မလျော်သြဇာသုံးခြင်းကဲ့သို့ အကျင့်ပျက်ခြစားမှု အရှုပ်အထွေး ပေါ်ပေါက်ခဲ့ပြီး သူမကို စွဲချက်တင်ရန် လွှတ်တော်က ဒီဇင်ဘာ ၉ ရက်မှာ မဲခွဲဆုံးဖြတ်ထားပါတယ်။ လွှတ်တော်ဆုံးဖြတ်မှုကို အခြေခံဥပဒေခုံရုံးက စစ်ဆေးအတည်ပြုခဲ့ပါက ပတ်ဂွန်ဟေးဟာ သမ္မတရာထူးမှ နုတ်ထွက်ရမှာ ဖြစ်ပါတယ်။

သမ္မတပတ်ဂွန်ဟေး ပါဝင်ပတ်သက်နေတဲ့ အကျင့်ပျက်ခြစားမှု အရှုပ်အထွေးနဲ့ ပတ်သက်ပြီး ဆမ်းဆောင်းအပါအဝင် တောင်ကိုရီးယား ထိပ်တန်း စီးပွာရေးလုပ်ငန်းများမှ အကြီးအကဲတွေကိုလည်း လွှတ်တော်မှာ မေးမြန်းကြားနာခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ