International News: အိန္ဒိယမှာ ရထားလမ်းချော်တိမ်းမှောက်မှုကြောင့် လူ ၂ ဦး သေဆုံး

, updated

အိန္ဒိယမှာ ရထားလမ်းများ ခေတ်မမီမှုနဲ့ ကြံ့ခိုင်မှုအားနည်းချက်တွေကြောင့် ရထား မတော်တဆဖြစ်မှုများ မကြာခဏ ဖြစ်လေ့ရှိပါတယ်။

play


အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်မှာ ခရီးသည်တင်ရထားတစ်စင်း လမ်းချော်တိမ်းမှောက်ခဲ့မှုကြောင့် လူ ၄၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ အူတာပရာဒက်ရှ်ပြည်နယ် ကန်ပူရ်ဒေသအနီး ရထားတိမ်းမှောက်မှုအတွင်း လူနှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြထားပါတယ်။


ရထားတိမ်းမှောက်မှု ဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးကြောင်းနဲ့ စုံစမ်းစစ်ဆေးရန် အာဏာပိုင်တွေက ညွှန်ကြားထားကြောင်း သိရပါတယ်။ တွဲ ၁၄ တွဲ ပါဝင်တဲ့ အက်ဂ်ျမာဆီးလ်ဒါ အမြန်ရထားဟာ ကန်ပူရ်ဒေသအနီးမှာ ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) အစောပိုင်းက လမ်းချော်တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

play


ရထားဟာ ရေခမ်းခြောက်နေတဲ့ တူးမြောင်းတစ်ခုရဲ့ တံတားပေါ်မှ ဖြတ်သန်းနေစဉ် လမ်းချော်တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။ လမ်းချော်တိမ်းမှောက်မှု ဖြစ်ခဲ့တဲ့ ရထားပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်အားလုံးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။


အိန္ဒိယမှာ ရထားလမ်းများ ခေတ်မမီမှုနဲ့ ကြံ့ခိုင်မှုအားနည်းချက်တွေကြောင့် ရထား မတော်တဆဖြစ်မှုများ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့လအတွင်းကလည်း ကန်ပူရ်အနီးမှာပင် ရထားလမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး လူ ၁၄၀ ကျော်အထိ သေဆုံးခဲ့ပါတယ်။

play


နိုင်ငံတစ်ဝန်းရှိ ရထားလမ်းတွေကို အဆင့်မြှင့်တင်ရန်အတွက် ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၃၇ ဘီလီယံ အသုံးပြုသွားမယ်လို့ အိန္ဒိယအစိုးရက ယမန်နှစ်အတွင်း ပြောကြားထားပါတယ်။
Source & Photo: Idia Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ