International News: နယူးရီးယားတိုက်ခိုက်မှု စီစဉ်နေတဲ့ စစ်သွေးကြွငါးဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

လူဦးရေ သန်း ၁၆၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လတ်တလော နှစ်များအတွင်း စစ်သွေးကြွတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်တက်ဖြစ်ပွားလာပါတယ်။

play


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရဲတပ်ဖွဲ့က နယူးရီးယားကြိုဆိုမှု ပွဲတွေကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေတဲ့ အစ္စလာမ်မစ် စစ်သွေးကြွ ငါးဦးကို ဖမ်းဆီးလိုက်ကြောင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့အကြီးအကဲက ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) ပြောပါတယ်။ ဖမ်းဆီးခဲ့သူ ငါးဦးဟာ Jamaat-ul-Mujahideen Bangladesh (JMB) အစွန်းရောက်အုပ်စုမှ အဖွဲ့ဝင်များဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

play


JMB အစွန်းရောက်အဖွဲ့ဟာ နိုင်ငံခြားသား အများစု အပါအဝင် လူ ၂၂ ဦး သေဆုံးခဲ့တဲ့ ဒါကာကော်ဖီဆိုင် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောထားပါတယ်။ ဖမ်းဆီးခဲ့သူတွေဟာ နယူးရီးယားအကြိုနေ့မှာ တိုက်ခိုက်ရန် စီစဉ်ခဲ့ကြောင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

play


ဘင်္ဂလားဒေ့ရှ်မှာ လုံခြုံရေးစိုးရိမ်မှုကြောင့် ဒီဇင်ဘာ ၃၁ ရက် နေဝင်ချိန်မှ ဇန်နဝါရီ ၁ ရက် မနက်ပိုင်းအထိ နေအိမ်ပြင်ပ နေရာတွေမှာ နယူးရီးယား ကြိုဆိုမှုအဖြစ် စုရုံးမှုများ မပြုလုပ်ကြရန် အာဏာပိုင်တွေက တားမြစ်ထားပါတယ်။

လူဦးရေ သန်း ၁၆၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လတ်တလော နှစ်များအတွင်း စစ်သွေးကြွတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်တက်ဖြစ်ပွားလာပါတယ်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ယခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒါကာကော်ဖီဆိုင် အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း သံသယရှိတဲ့ စစ်သွေးကြွ ၄၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ