International News: ဂျပန်နိုင်ငံမှာ ၅.၉ ရစ်ခ်ျတာစကေးရှိ ငလျင်လှုပ်ခတ်

ပြင်းထန်တဲ့ လှုပ်ရမ်းမှုကို ခံစားသိရှိခဲ့ရကြောင်း ဒေသခံတွေက ဆိုရှယ်မီဒီယာမှာ ပြောကြားပါတယ်။

play


ဂျပန်နိုင်ငံ တိုကျိုမြို့မြောက်ဘက်ရှိ အိုင်ဘာရာကီစီရင်စုမှာ ပြင်းအား ၅.၉ ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။ ငလျင်ဟာ ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) ညပိုင်းမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှု သတင်းများ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

play


ပြင်းထန်တဲ့ လှုပ်ရမ်းမှုကို ခံစားသိရှိခဲ့ရကြောင်း ဒေသခံတွေက ဆိုရှယ်မီဒီယာမှာ ပြောကြားပါတယ်။ ဂျပန်နိုင်ငံဟာ ကမ္ဘာ့ကျောက်လွှာချပ်ကြီး ၄ ခု ဆုံမှတ်နေရာမှာ တည်ရှိနေပြီး နှစ်စဉ် ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်လေ့ရှိပါတယ်။

play


ဂျပန်မှာ ၂၀၁၁ ခုနှစ် မတ်လက အင်အားအလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုကြောင့် လူ ၁၈,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံ ပျက်စီးမှုဖြစ်ကာ ရေဒီယိုသတ္တိကြွမှုများ ပတ်ဝန်းကျင်နေရာတွေကို သက်ရောက်ခဲ့ပါတယ်။

ယခုနှစ် ဧပြီလအတွင်းကလည်း ဂျပန်တောင်ပိုင်း ကူမာမိုတိုစီရင်စုမှာ ပြင်းထန်တဲ့ ငလျင်နှစ်ခု လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်ပေါင်း ၁,၇၀၀ ကျော် လှုပ်ခဲ့ပါတယ်။ အဆိုပါ ငလျင်နှစ်ခု လှုပ်ခတ်မှုကြောင့် လူ ၅၀ ထက်မနည်း သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေလည်း ဖြစ်ခဲ့ပါတယ်။

ဂျပန်မှာ ငလျင်လှုပ်ခတ်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိပေမဲ့ အဆောက်အအုံများ ဆောက်လပ်ရာမှာ စံချိန်စံညွန်းညီစေရန် တင်းကျပ်တဲ့ ဥပဒေများဖြင့် ကိုင်တွယ်ဆောင်ရွက်မှုကြောင့် ငလျင်ဒဏ်ခံရသည့်တိုင် အများအားဖြင့် ထိခိုက်ပျက်စီးမှု နည်းပါးကြောင်း သိရပါတယ်။
Source & Photo: USGS, CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ