International News: ဘာလင်မှာ ထရပ်ကားဖြင့် တိုက်ခိုက်ခဲ့သူနဲ့ ဆက်နွှယ်တဲ့ တူနီးရှားတစ်ဦးကို ဖမ်းဆီး

ရဲတပ်ဖွဲ့က အေနစ်နဲ့ အဆက်အသွယ်ရှိတဲ့ တူနီးရှား အမျိုးသားရဲ့ နေအိမ်နဲ့ လုပ်ငန်းခွင်နေရာကို စီးနင်းခဲ့ပါတယ်။

play


ဘာလင် ခရစ္စမတ်ဈေးမှာ ထရပ်ကားဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့သူနဲ့ ဆက်နွှယ်တဲ့ အသက် ၄၀ အရွယ် တူနီးရှား အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း ဂျာမန်စုံစမ်းရေးမှူးတွေက ပြောပါတယ်။ ထရပ်ကားဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့တဲ့ အေနစ်အမ်မရီရဲ့ ဖုန်းထဲမှာ ယခု ဖမ်းဆီးလိုက်သူရဲ့ ဖုန်းနံပါတ်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း စုံစမ်းရေးမှူးတွေက ဆိုပါတယ်။

ဘာလင်မှာ ထရပ်ကားဖြင့် အကြမ်းဖက်တိုက်ခိုက်မှု


အေနစ်က ဒီဇင်ဘာ ၁၉ ရက်မှာ ဘာလင်မြို့ရှိ ခရစ္စမတ်ဈေးတန်းကို အပိုင်စီးလာတဲ့ ထရပ်ကားဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့ရာ လူ ၁၂ ဦး သေဆုံးပြီး ၄၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အေနစ်နဲ့ အဆက်အသွယ်ရှိတဲ့ တူနီးရှား အမျိုးသားရဲ့ တမ်ပယ်လ်ဟော့ဖ်ရှိ နေအိမ်နဲ့ လုပ်ငန်းခွင်နေရာကို စီးနင်းခဲ့ကြောင်း သိရပါတယ်။

play


ဘာလင် ခရစ္စမတ်ဈေးမှာ ထရပ်ကားဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် အေနစ်ဟာ အီတလီနိုင်ငံ မီလန်မြို့မှာ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ပါတယ်။ အဆိုပါ ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ထိုအတောအတွင်း အေနစ်ကို နယ်သာလန်ရှိ Nijmegen ရထားဘူတာရုံရဲ့ လုံခြုံရေးကင်မရာ မှတ်တမ်းမှာတွေ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘာလင် ခရစ္စမတ်ဈေးမှာ ထရပ်ကားဖြင့် အကြမ်းဖက် ဝင်တိုက်မှု


အေနစ်ဟာ ဘာလင် ခရစ္စမတ်ဈေးမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီးနောက် နယ်သာလန်သို့ ချက်ချင်းထွက်ပြေး တိမ်းရှောင်ခဲ့ခြင်းရှိ မရှိ စုံစမ်းစစ်ဆေးနေပြီး အေနစ်ဟာ Nijmengen ဘူတာရုံမှာ ဖုန်း SIM ကတ် ဝယ်ယူခဲ့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အေနစ်က Nijmegen ဘူတာရုံမှ ပြင်သစ်နိုင်ငံသို့ ရထားစီးသွားရောက်ခဲ့ပြီး ထိုမှတစ်ဆင့် အီတလီနိုင်ငံ တူရင်မြို့ကို သွားရောက်ခဲ့ပါတယ်။

play
မီလန်မြို့မှာ ရဲတပ်ဖွဲ့နဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် အေနစ်၏အလောင်းကို တွေ့ရစဉ်


တူရင်မှ မီလန်သို့ ရထားစီးပြီး ရောက်ရှိလာစဉ် ရဲတပ်ဖွဲ့က စစ်ဆေးမှုအတွင်း အပြန်အလှန် ပစ်ခတ်မှုဖြစ်ကာ အေနစ် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ တူနီးရှားနိုင်ငံရှိ အေနစ်နဲ့ တူတော်စပ်သူနဲ့ အခြားနှစ်ဦးကိုလည်း ဒီဇင်ဘာ ၂၄ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။ အေနစ်က အိုင်အက်စ်အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ကို သစ္စာခံကြောင်း ပြောကြားထားတဲ့ ဗီဒီယိုကို အိုင်အက်စ်တို့က အွန်လိုင်းမှာလွှင့်တင်ခဲ့ကြောင်းလည်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ