International News: ကွန်မြူနစ်ပါတီရုံးခန်းကို အကြမ်းဖက်တိုက်ခိုက်ခဲ့သူများအား တရုတ်ရဲတပ်ဖွဲ့ ပစ်သတ်

တရုတ် ကွန်မြူနစ်ပါတီရုံးခန်းကို ကားတစ်စီးဖြင့် ရောက်ရှိလာခဲ့ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

play


မငြိမ်မသက်မှုတွေ ရှိနေတဲ့ တရုတ်နိုင်ငံ ရှင်ဂျီအန်းဒေသရှိ ကွန်မြူနစ်ပါတီရုံးခန်းကို ဒီဇင်ဘာ ၂၈ ရက်က အကြမ်းဖက်တိုက်ခိုက်ခဲ့သူ ၄ ဦးအား ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တိုက်ခိုက်သူ ၄  ဦးက ဒေသခံ ကွန်မြူနစ်ပါတီရုံးခန်းကို ကားတစ်စီးဖြင့် ရောက်ရှိလာခဲ့ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ လူတစ်ဦး သေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ပြောပါတယ်။

play


ထို့နောက် အကြမ်းဖက်တိုက်ခိုက်သူ ၄ ဦးကို ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ကြောင်း ဆင်ဟွာက ဖော်ပြထားပါတယ်။ တရုတ်အစိုးရက ယခုလုပ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ယခု အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ အနောက်ဘက်စွန်းရှိ ရှင်ဂျီအန်းဒေသဟာ မွတ်စလင်မ် အူဂါမျိုးနွယ်စုတွေ အဓိက နေထိုင်တဲ့ဒေသလည်း ဖြစ်ပါတယ်။

play


အူဂါမျိုးနွယ်စုတွေက အဆိုပါ ဒေသတွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်လေ့ရှိကြောင်း ပြောကြားထားပါတယ်။ အူဂါမျိုးနွယ်စု အများအပြားကလည်း ၎င်းတို့ကို တရုတ်အာဏာပိုင်တွေက ခွဲခြားဆက်ဆံကြောင်း စွပ်စွဲထားပါတယ်။ ၂၀၁၅ ခုနှစ်က အက်ခ်ဆူဒေသရှိ ကျောက်မီးသွေးတွင်း တိုက်ခိုက်ခံရပြီးနောက် တရုတ်ရဲတပ်ဖွဲ့က ၅၆ ရက်ကြာ လိုက်လံရှာဖွေမှုအတွင်း အကြမ်းဖက်အုပ်စုတစ်ခုရဲ့ အဖွဲ့ဝင် ၂၈ ဦးကို သုတ်သင်ခဲ့ပါတယ်။

play


၂၀၁၄ ခုနှစ် မတ်လမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့ ရထားဘူတာရုံမှာ ဓားဖြင့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၃၁ ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်သူ ၄ ဦးလည်း သေဆုံးခဲ့ပါတယ်။

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကို ရှင်ဂျီအန်း ခွဲထွက်ရေးသမားတွေက လုပ်ဆောင်ခဲ့ကြောင်း တရုတ်အာဏာပိုင်တွေက ပြောကြားခဲ့ပြီး 'တရုတ်ရဲ့ ၉/၁၁' ဖြစ်ရပ်အဖြစ် ဆင်ဟွာက ဖော်ပြခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်အပြီး နောက် ၂ လအကြာမှာလည်း ရှင်ဂျီအန်းဒေသ အူရမ်ကီမြို့ ဈေးတစ်ခုမှာ တိုက်ခိုက်မှုဖြစ်ခဲ့ရာ လူ ၃၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Source & Photo: AFP, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ