International News: ဝန်ကြီးချုပ်နက်တန်ယာဟူကို စုံစမ်းစစ်ဆေးရန် အစ္စရေးရှေ့နေချုပ် ညွှန်ကြား

ရှေ့နေချုပ်၊ ရဲတပ်ဖွဲ့နဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေက ယခုကိစ္စကို ပူးပေါင်းဆောင်ရွက်နေပြီး တွေ့ရှိရမှုတွေကို အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

play
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟူ


အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟူကို အမှုဖွင့်စုံစမ်းစစ်ဆေးရန် အစ္စရေးရှေ့နေချုပ်က ညွှန်ကြားချက်ထုတ်လိုက်ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ်နက်တန်ယာဟူ ပါဝင်ပတ်သက်နေတဲ့ မဖော်ပြထားသော ကိစ္စရပ်နှစ်ခုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ရှေ့နေချုပ်က ညွန်ကြားချက်ထုတ်ခဲ့ကြောင်း အစ္စရေး ရုပ်မြင်သံကြာသတင်းဌာန Channel 10 က ဒီဇင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ်ကို စုံစမ်းစစ်ဆေးရန် ရှေနေ့ချုပ် ညွန်ကြား


ယခုကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်တာကြောင့် မည်သည့်ဥပဒေချိုးဖောက်မှု ကျူးလွန်ခဲ့ကြောင်း အတည်ပြုမှု သို့မဟုတ် ပယ်ချမှုတွေ မပြောနိုင်သေးကြောင်း တရားစီရင်းရေးဝန်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

play
အစ္စရေးရှေ့နေချုပ် အေဗီဟိုင်း မင်ဒဲလ်ဘလစ်


ရှေ့နေချုပ်၊ ရဲတပ်ဖွဲ့နဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေက ယခုကိစ္စကို ပူးပေါင်းဆောင်ရွက်နေကြောင်းနဲ့ တွေ့ရှိရမှုတွေကို အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်သွားမယ်လို့ ၎င်းက ပြောပါတယ်။ စုံစမ်းစစ်ဆေးတဲ့ သတင်းနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် နက်တန်ယာဟူရဲ့ ရုံးခန်းမှ မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပါဘူး။

play
အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူနှင့် ရှေ့နေချုပ် အေဗီဟိုင်း


အစ္စရေးရှေ့နေချုပ် အေဗီဟိုင်း မင်ဒဲလ်ဘလစ်က ဝန်ကြီးချုပ်နက်တန်ယာဟူကို လိုအပ်တဲ့ မေးမြန်းမှုတွေ ပြုလုပ်ရန် ရဲတပ်ဖွဲ့ကို ခွင့်ပြုညွှန်ကြားခဲ့ကြောင်းနဲ့ မေးမြန်းမယ့်အမှုကို လာမယ့်ရက်များအတွင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ