International News: ဆီးရီးယားအစိုးရနဲ့ သူပုန်အုပ်စုများ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိ

ဆီးရီးယားအစိုးရနဲ့ သူပုန်များကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမှာ ဒီဇင်ဘာ ၂၉ ရက် ဒေသစံတော်ချိန် ညသန်းခေါင်မှာ စတင်သက်ရောက်ကြောင်း သိရပါတယ်။

play


ဆီးရီးယားအစိုးရနဲ့ သူပုန်အုပ်စုများကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်သွားမှာဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ကြေညာပါတယ်။ ဆီးရီးယားအစိုးရဲ့ သူပုန်များကြား သဘောတူညီမှုစာချုပ် ၃ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပူတင်က ပြောပါတယ်။

play


ပထမ သဘောတူညီချက်စာချုပ်မှာ ဆီးရီးယားအစိုးရနဲ့ သူပုန်များကြား နိုင်ငံအတွင်း အပစ်အခတ်ရပ်စဲမှုဖြစ်ပြီး ဒုတိယစာချုပ်မှာ အပစ်အခတ်ရပ်စဲကြောင်းကို စောင့်ကြည့်မှုများ ပြုလုပ်ရန်ဖြစ်ပါတယ်။ တတိယသဘောတူညီမှု စာချုပ်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးမယ့်အကြောင်း နှစ်ဘက်လုံးက ကြေညာရန်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ပြောပါတယ်။


ဆီးရီးယားအစိုးရနဲ့ သူပုန်အုပ်စုများကြား အပစ်အခတ်ရပ်စဲရေးကို ရုရှားနဲ့ တူရကီနိုင်ငံတို့က ကြားဝင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယားအစိုးရနဲ့ သူပုန်များကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမှာ ဒီဇင်ဘာ ၂၉ ရက် ဒေသစံတော်ချိန် ညသန်းခေါင်မှာ စတင်သက်ရောက်ကြောင်း သိရပါတယ်။

play


ဆီးရီးယားအတိုက်အခံ အမျိုးသားညီညွတ်ရေးအဖွဲ့ကလည်း ရုရှားနဲ့တူရကီတို့ ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ထောက်ခံကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဆီးရီးယားအစိုးရနဲ့သူပုန်များကြား အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ပြီးနောက် ဆီးရီးယားရှိ ရုရှားတပ်ဖွဲ့ဝင် အရေအတွက်ကို လျှော့ချသွားမယ်လို့ ရုရှားသမ္မတပူတင်က ပြောပါတယ်။

play


တပ်ဖွဲ့ဝင်များ လျှော့ချမှာဖြစ်ပေမဲ့ ဆီးရီးယားအစိုးရကို ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့ ပူတင်က အခိုင်အမာ ပြောကြားခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ဆီးရီးယားမှာ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မယ့် ပထမခြေလှမ်းလည်း ဖြစ်လာပါတယ်။

၆ နှစ်နီးပါး ဖြစ်ပွားနေခဲ့တဲ့ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် အနည်းဆုံး လူ ၃၀၀,၀၀၀ သေဆုံးခဲ့ပြီး လူဦးရေ ၄ သန်း နိုင်ငံမှထွက်ပြေးခဲ့ရကာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဥရောပကို ဒုက္ခသည်များအဖြစ် ထွက်ပြေးခဲ့ကြရပါတယ်။
Source & Photo: AFP, Reuters, RT, BBC

အလက်ပိုမြို့ရဲ့ စစ်မဖြစ်မီနဲ့ စစ်ဖြစ်အပြီး မြင်ကွင်း
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ