International News: ဘာလီကျွန်းမှာ ၆.၂ ရစ်ခ်ျတာစကေးရှိ ငလျင်လှုပ်ခတ်

ငလျင်လှုပ်ခတ်မှုဟာ ကြာမြင့်ခဲ့ကြောင်းနဲ့ ဒေသခံအများစုဟာ အိပ်ရာမှလန့်နိုးကာ နေအိမ်များပြင်ပသို့ ထွက်ပြေးခဲ့ကြောင်း သိရပါတယ်။

play


အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြင်းအားအဆင့် ၆.၂ ရစ်ခ်ျတာစကေးရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရပါတယ်။ ယနေ့ (ဒီဇင်ဘာ ၃၀ ရက်) မနက်အစောပိုင်းက ဘာလီကျွန်းအရှေ့ဘက် ၁၈၆ မိုင်အကွာနဲ့ ဆမ်ဘာဝါကျွန်းကမ်းလွန် ၇၂ မိုင်အကွာမှာ ဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒဆိုင်ရာ လေ့လာစောင့်ကြည့်ရေးဝက်ဘ်ဆိုက် U.S. Geological Survey (USGS) က ဖော်ပြပါတယ်။

play


ငလျင်လှုပ်ခတ်မှုဟာ အချိန်ကြာမြင့်ခဲ့ကြောင်းနဲ့ ဒေသခံအများစုဟာ အိမ်ရာမှလန့်နိုးကာ နေအိမ်များပြင်ပသို့ ထွက်ပြေးခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးဒဏ်ရာရမှု သတင်းတွေ မသိရသေးပါဘူး။ အင်ဒိုနီးရှား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာဌာနက ငလျင်ကြောင့် ထိခိုက်မှုတွေကို စစ်ဆေးနေကြောင်း သိရပါတယ်။

အင်ဒိုနီးရှားဟာ ပစိဖိတ်မီးကွင်းခေါ် ကမ္ဘာ့ကျောက်လွှာချပ်ကြီးများ တိုက်ခိုက်မှုဖြစ်လေ့ရှိတဲ့ နေရာမှာ တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှုနဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပါတယ်။
Source & Photo: USGS, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ