International News: ရွေးကောက်ပွဲကို စွက်ဖက်နှောင့်ယှက်မှုကြောင့် အမေရိကန်က ရုရှားကို တုံ့ပြန်အရေးယူ

သမ္မတအိုဘားမားက ရွေးကောက်ပွဲနဲ့ဆက်နွှယ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့မှုအတွက် ရုရှားကို အရေးယူ ဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။

play


သမ္မတရွေးကောက်ပွဲကို ဆိုက်ဘာတိုက်ခိုက်မှုဖြင့် စွက်ဖက်နှောင့်ယှက်ခဲ့မှုကြောင့် အမေရိကန်က သံတမန် ၃၅ ဦးကို နိုင်ငံမှ ၇၂ နာရီအတွင်း ထွက်ခွာသွားရန် နှင်ထုတ်လိုက်ပြီး တုံ့ပြန်အရေးယူမှု ပြုလုပ်လိုက်ပါတယ်။ အမေရိကန်ရှိ ရုရှားထောက်လှမ်းရေးများ နေထိုင်ကြတဲ့ နေရာနှစ်ခုကိုလည်း ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။

အမေရိကန်က ရုရှားသံတမန် ၃၅ ဦးကို နှင်ထုတ်


အမေရိကန်အစိုးရက ဝါရှင်တန်ဒီစီရှိ ရုရှားသံရုံးနဲ့ ဆန်ဖရန်စစ္စကိုရှိ ရုရှားကောင်စစ်ဝန်ရုံးတို့မှာ အခြေစိုက်ပြီး လုပ်ငန်းဆောင်ရွက်နေတဲ့ ရုရှားသံတမန် ၃၅ ဦးနဲ့ ၎င်းတို့ရဲ့မိသားစုတွေကို နိုင်ငံအတွင်းမှ ၇၂ နာရီအတွင်း ထွက်ခွာသွားရန် နှင်ထုတ်ခဲ့ပါတယ်။

play


အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက ရွေးကောက်ပွဲနဲ့ဆက်နွှယ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့မှုအတွက် ရုရှားကို အရေးယူဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။ ရုရှားအစိုးရကတော့ အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ၎င်းတို့ရဲ့ ဟက်ကာများက ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း စွပ်စွဲမှုတွေကို ငြင်းဆိုထားပါတယ်။

play


အမေရိကန် ထောက်လှမ်းရေးအဖွဲ့အစည်းတွေက ရုရှားဟက်ကာတွေဟာ ဒီမိုကရစ်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန် အပါအဝင် အခြား အရေးပါသူတွေနဲ့ အီးမေးလ်တွေကို hack လုပ်ခဲ့မှု အပါအဝင် သမ္မတရွေးကောက်ပွဲကို စွက်ဖက်ရန်အတွက် ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ကောက်ချက်ချထားပါတယ်။

ရုရှားက သမ္မတရွေးကောက်ပွဲကို ဆိုက်ဘာတိုက်ခိုက်မှုဖြင့် စွက်ဖက်နှောင့်ယှက်ခြင်းကို အရေးယူဆောင်ရွက်ရန် ရီပတ်ဘလစ်ကင်ပါတီမှ အပါအဝင် လွှတ်တော်အမတ်များက တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

နောက်ဆုံးသိရတဲ့ သတင်းတွေအရ အမေရိကန်က ရုရှား ၃၅ ဦးကို နှင်ထုတ်မှုအပေါ် ရုရှားအစိုးရကလည်း တုံ့ပြန်သွားမယ်လို့ သမ္မတပူတင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြောကြားထားကြောင်း သိရပါတယ်။

Source & Photo: BBC, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ