International News: တရုတ်နဲ့ဟောင်ကောင်မှာ ငှက်တုပ်ကွေး လူကိုကူးစက်မှု ထပ်မံတွေ့ရှိရ

H7N9 ငှက်တုပ်ကွေး လူကိုကူးစက်မှုကို တရုတ်နိုင်ငံမှာ ၂၀၁၃ ခုနှစ်က စတင်တွေ့ရှိခဲ့ပါတယ်။

play


တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ H7N9 ငှက်တုပ်ကွေး လူသားထံ ကူးစက်မှုအသစ် တွေ့ရှိရကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အတည်ပြု ပြောကြားပါတယ်။ H7N9 ငှက်တုပ်ကွေး ကူးစက်ခံရတဲ့ အမျိုးသားတစ်ဦး ဆေးရုံမှာ ကုသမှုခံယူနေရကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

play


ရှန်ဟိုင်းမြို့ဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်ပြီး လူဦး ၂၄ သန်းကျော် နေထိုင်လျက်ရှိပါတယ်။ တရုတ်နိုင်ငံ အန်ဟွေပြည်နယ်မှာ H7N9 ငှက်တုပ်ကွေးကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားကြောင်းလည်း သိရပါတယ်။ ယခုနှစ် ဆောင်းရာသီကာလအတွင်း တရုတ်မှာ H7N9 ငှက်တုပ်ကွေး ကူးစက်ခံရသူ အနည်းဆုံး ၈ ဦးရှိပြီလို့ ဆိုပါတယ်။

play


အလားတူ ဟောင်ကောင်မှာလည်း ဒုတိမြောက် H7N9 ငှက်တုပ်ကွေး ကူးစက်ခံရသူ တွေ့ရှိရကြောင်း သိရပါတယ်။ ဟောင်ကောင်မှာ ပထမဆုံး ငှက်တုပ်ကွေး ကူးစက်ခံရသူမှာ လွန်ခဲ့တဲ့ ငါးရက်က သေဆုံးခဲ့ပါတယ်။ ယခု ထပ်မံ တွေ့ရှိရတဲ့ ငှက်တုပ်ကွေး ကူးစက်ခံရသူမှာ အသက် ၇၀ အမျိုးသားဖြစ်ပြီး နေမကောင်းဖြစ်မှုကြောင့်  ဒီဇင်ဘာ ၂၇ ရက်မှာ ဆေးရုံတက်ခဲ့ရပါတယ်။

၎င်းကို ကျန်းမာရေးစစ်ဆေးရာမှာ H7N9 ကူးစက်ခံထားရကြောင်း ဒီဇင်ဘာ ၂၉ ရက်မှာ တွေ့ရှိခဲ့ရပြီး လက်ရှိမှာ အခြေအနေ တည်ငြိမ်နေတယ်လို့ ဆိုပါတယ်။ H7N9 ငှက်တုပ်ကွေး လူကိုကူးစက်မှုကို တရုတ်နိုင်ငံမှာ ၂၀၁၃ ခုနှစ် မတ်လက ပထမဆုံးအကြိမ် စတင်တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
Soure & Photo: Xinhua, Reuters, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ