International News: ပါတီပွဲမှာ ပါးသိုင်းမွေးရိတ်သည့်အရည် စပ်ထားသည့် အရက်များ ရောသောက်ပြီး ၄၂ ဦးသေဆုံး

လူပေါင်း ၁၅၀ ကျော် ဆေးရုံတက်ခဲ့ရပါတယ်။

play

 

ခရစ္စမတ်ကာလ ပါတီပွဲအတွင်းမှာ အိမ်လုပ်အရက်တွေကို မုတ်ဆိတ်ပါးသိမ်းမွှေးရိတ်ပြီးနောက် အသုံးပြုတဲ့ အရည်တွေနဲ့ တွဲဖက်သောက်သုံးခဲ့တဲ့အတွက် အနည်းဆုံး လူပေါင်း ၄၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပါကစ္စတန်နိုင်ငံအတွင်း ပန်ဂျပ်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဆိုပါအရက် သောက်သုံးမိတဲ့အတွက် လူပေါင်း ၁၅၀ ကျော်ဆေးရုံရောက်ခဲ့ပြီး လက်ရှိအချိန်ထိ လူပေါင်း ၄၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးခဲ့ရသူတွေအတွက် ကျန်ရစ်သူ ဆွေမျိုးတွေဟာ အသုဘအခမ်းအနားမှာ ဝမ်းနည်းငိုကြွေးခဲ့ကြရပါတယ်။ အဆိုဖြစ်ရပ်အတွက် ရဲတပ်ဖွဲ့က စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ပြီး အဆိုပါအရက်ချက်လုပ်သူတွေထဲက အနည်းဆုံးလေးဦးကို သိရှိထားပြီဖြစ်တယ်လို့ အေအက်ဖ်ပီသတင်းဌာနက ဖော်ပြပါတယ်။

play

 

အိမ်မှာ ချက်လုပ်တဲ့ အိမ်လုပ်အရက်တွေထဲကို ပါသိုင်းမွှေးရိတ်ပြီးနောက် အသုံးပြုတဲ့ aftersahve အရည် လီတာ ၂၀ လောက်ထပ်မံ ရောနှောခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြား ဓါတုပစ္စည်းတွေလည်း အသုံးပြုခဲ့ပါသေးတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ