International News: ဖောက်ပြန်နေတဲ့ စုံတွဲကို ဟိုတယ်ခန်းအတွင်းဝင်ပြီး ရိုက်နှက်တဲ့ ဇနီးသည်

ခင်ပွန်းနဲ့ဖောက်ပြန်တဲ့ အမျိုးသမီးကို ဇနီးသည်က ဖိနပ်နဲ့ ရိုက်နှက်ခဲ့ပါတယ်။

play

 

အခြားအမျိုးသမီးတစ်ဦးနဲ့ဖောက်ပြန်နေတဲ့ ခင်ပွန်းသည်ကို အမိဖမ်းပြီး ဇနီးသည်က တံမြက်စည်းနဲ့ ဝင်ရိုက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဟိုတယ်ခန်းအတွင်းမှာ ခင်ပွန်းသည်ဟာ အခြားအမျိုးသမီးတစ်ဦးနဲ့ အတူအိပ်နေတဲ့ ဖြစ်ရပ်ကို ဇနီးသည်က အမိဖမ်းပြီး ဗီဒီယိုဖိုင်ပါ ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ အခန်းအတွင်း အတွင်းခံအဝတ်အစားတွေနဲ့သာ ရှိနေကြတဲ့ အဆိုပါစုံတွဲကို ဇနီးသည်က တံမြက်စည်းနဲ့ ရိုက်ရုံသာမက ဖောက်ပြန်သူအမျိုးသမီးကို ဖိနပ်နဲ့ပါ ရိုက်ခဲ့တာတွေ့ရပါတယ်။ အဆိုပါအမျိုးသမီးရဲ့ ဆံပင်တွေကိုလည်း ဇနီးသည်က ကတ်ကြေးနဲ့ဖြတ်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။

play

 

ဖောက်ပြန်သူအမျိုးသမီးကို ဇနီးသည်က ရိုက်နှက်နေတုန်းမှာ ခင်ပွန်းသည်က ဝင်ရောက်ဖြန်ဖြေတဲ့အတွက် ခင်ပွန်းသည်ကိုပါ ဇနီးသည်က ထပ်မံရိုက်နှက်ခဲ့ပါသေးတယ်။ အဆိုပါ ဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို " ဖောက်ပြန်တဲ့ အမျိုးသားနဲ့ မယားငယ်" ဆိုပြီးခေါင်းစဉ်တပ်ကာ အွန်လိုင်းမှာဖြန့်ခဲ့တာဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ