International News: ၁၃ နှစ်ကြာ လိင်ကျေးကျွန်ဖြစ်ခဲ့ရပြီး မွေးလားသည့် ကလေးများကိုလည်း ရောင်းစားခံခဲ့ရသူ

မွေးလာတဲ့ ကလေးတွေလည်း ရောင်းစားခံခဲ့ရပါတယ်။

ပြန်ပေးဆွဲမုဒိမ်းကျင့်သည့် ပြစ်မှုမျိုးကို မည်သည့်ပြစ်ဒဏ်ပေးသင့်ပါသလဲ။»

ပြန်ပေးဆွဲမုဒိမ်းကျင့်သည့် ပြစ်မှုမျိုးကို မည်သည့်ပြစ်ဒဏ်ပေးသင့်ပါသလဲ။»

play

 

မွေးစားမယ်ဆိုကာ ထိန်းသိမ်းစောင့်ရှောက်ခဲ့သူက ၁၃ နှစ်ကြာ အဓမ္မပြုကျင့်ခဲ့ပြီး လိင်ကျေးကျွန်အဖြစ် အသုံးချခဲ့ခဲ့ရတဲ့ မိန်းကလေးတစ်ဦးရဲ့ ဖြစ်ရပ်ပေါ်ပေါက်လာခဲ့ပါတယ်။

အန်နာ(အမည်လွှဲ)ဟာ မိဘနှစ်ပါးစွန့်ပစ်တာ ခံခဲ့ရပြီးနောက် အဘွားဖြစ်သူနဲ့အတူ နေထိုင်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် မွေးစားမယ်လို့ ဆိုလာသူနဲ့ လိုက်နေခဲ့ပြီးနောက်ပိုင်း အခန်းတွင်းပိတ်လှောင်ကာ လိင်ကျေးကျွန်အဖြစ် အသုံးချခံခဲ့ရတာဖြစ်ပါတယ်။ ၁၃ နှစ်အတွင်းမှာ အန်နာဟာ အပြင်ထွက်ခွင့် မရခဲ့ပါဘူး။ သူမဟာ အကြိမ်ကြိမ် အဓမ္မအကျင့်ခံခဲ့ရပြီး တစ်ခါတစ်ရံမှာ ရိုက်နှက်မှုတွေလည်း ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ဗြိတိန်နိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တာပါ။

play
အန်နာကဲ့သို့ ဖြစ်ရပ်ဆိုး ကြုံခဲ့ရဖူးသည့် ဂျေဆီ

 

ရိုက်နှက်မှုတွေကြောင့် ဆေးရုံတက်ရတဲ့အခါနဲ့ ကလေးမွေးချိန်မှာ ဆေးရုံတက်ရတဲ့ အခါတွေမှာပဲ  အန်နာဟာ  အပြင်ထွက်ခွင့် ရခဲ့ပါတယ်။ သူမ အပြင်ထွက်တိုင်းလည်း အဆိုပါအမျိုးသားဟာ ခင်ပွန်းသည်အဖြစ်ဟန်ဆောင်ကာ ဆေးရုံကို လိုက်စောင့်လေ့ရှိပါတယ်။ အန်နာဟာ ၁၃ နှစ်ကြာ ပိတ်လှောင်ထားခံရတဲ့ ကာလအတွင်း ကလေး ၄ ဦးမွေးဖွားခဲ့ပြီး အဲဒီကလေးငယ်တွေဟာလည်း ရောင်းစားခံခဲ့ရတယ်လို့ သိရပါတယ်။

ပိတ်လှောင်ခံထားရတဲ့ဘဝက လွတ်မြောက်လာပြီးတဲ့နောက်မှာ အန်နာဟာ အခုတော့ သူမရဲ့အဖြစ်တွေကို စာအုပ်ရေးသားထုတ်ဝေတော့မှာ ဖြစ်ပါတယ်။ အန်နာလိုပဲ နှစ်ကာလပေါင်းများစွာ ပြန်ပေးဆွဲခံရပြီး လိင်ကျေးကျွန်အဖြစ် အသုံးချခဲ့ရသူတွေ ရှိခဲ့ပြီး အန်နာဟာ အဲဒီအမျိုးသမီးတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ